ဟိုပင်မြို့တွင် လက်ဖက်ရည်ဆိုင်အတွင်း သေနတ်သမားများပစ်ခတ်မှုကြောင့် (၆)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရ

ဟိုပင်မြို့တွင် လက်ဖက်ရည်ဆိုင်အတွင်း သေနတ်သမားများပစ်ခတ်မှုကြောင့် (၆)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရ

ဟိုပင်မြို့ ထူးထိုက်စံလက်ဖက်ရည်ဆိုင်၌ နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် သေနတ်သမားများ လာရောက်ပစ်ခတ်မှုကြောင့် လူ(၆) ဦးသေဆုံးပြီး (၇) ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှသိရသည်။

“ ၆ ဦး သေဆုံးတာမှန်တယ် ၊ ၇ ဦးကတော့ ဒဏ်ရာရတယ်။ အခုအရေးပေါ်ကား ၃ စီးရှိပြီ ပိုတာ ၊ ခုလေးတင်ပို့တာတစ်စီး” ဟု ဟိုပင်မြို့ခံတစ်ဦးကဆိုသည်။

အခင်းဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာရသူများနှင့် ဒဏ်ရာပြင်းထန်သူများကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်လိုက်သည်။

သံဃာတော်တစ်ပါး ၊ လက်ဖက်ရည်ဆိုင်သို့ လာရောက်စားသုံးသူများ၊ ဆိုင်ရှင်နှင့် ဆိုင်အလုပ်သမားများ သေဆုံးခဲ့ကြောင်း သိရသည်။

“ လက်ဖက်ရည်ဆိုင်မှာလဲ ဆိုင်ရှင်သမီးကလေးလေး ၅ နှစ် ၆ နှစ်အရွယ်လောက်ရှိပြီ သူလည်း သေနတ်ကျည်ထိတယ် ၊ တစ်ဆိုင်လုံးလဲသွေးတွေကြီးပါပဲ ၊ စိတ်မကောင်းဘူး “ ဟု ဟိုပင်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုကိုမျက်မြင်တွေ့သူတစ်ဦး၏ ပြောဆိုချက်အရ အိမ်စီးကားအဖြူရောင်ဖြင့် လူ (၇) ဦး လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟိုပင် PDF က ယခုဖြစ်ရပ်မှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပြီး ထိရောက်စွာအရေးယူသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...