ထားဝယ် ဆန်ဆိုင်ပိုင်ရှင် သေနတ်နဲ့ပစ်သတ်ခံရမှု မသက်ဆိုင်ကြောင်း ထားဝယ်တော်လှန်ရေးအဖွဲ့အချို့ထုတ်ပြန်

ထားဝယ် ဆန်ဆိုင်ပိုင်ရှင် သေနတ်နဲ့ပစ်သတ်ခံရမှု မသက်ဆိုင်ကြောင်း ထားဝယ်တော်လှန်ရေးအဖွဲ့အချို့ထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကရပ်ပြင်ရပ် လမ်းဆုံအနီးက ဆန်ဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်သတ်ခံရမှုဟာ ၄င်းတို့နဲ့ မသက်ဆိုင်ကြောင်း ထားဝယ်တော်လှန်ရေးအဖွဲ့အချို့က သတင်းထုတ်ပြန်ပါတယ်။

Guerrilla Dawei(ထားဝယ် ပြောက်ကျားတပ်ဖွဲ့)၊ PDF D-Day Dawei အဖွဲ့နဲ့ Dawei People Defence Force(DPDF)တို့က နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည် ၁ နာရီကျော်ခန့်မှာ ဆန်ဆိုင်ပိုင်ရှင် ဦးခင်မောင်အေးပိုင် ဆန်ဆိုင်ကို အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးခင်မောင်အေးမှာ ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားခဲ့ပြီး သားဖြစ်သူမှာ လည်း သေနတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ယခုလို သေနတ်နဲ့လာရောက်ပစ်ခတ်သည့်ဖြစ်စဉ်ကို မည်သည့်အဖွဲ့အစည်းက လာရောက်ပစ်ခတ်သည်ကို မသိရသေးပေမယ့် ဒေသခံတွေကတော့ ပျူ စောထီးအဖွဲ့တွေက လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...