ထားဝယ် ဆန်ဆိုင်ပိုင်ရှင် သေနတ်နဲ့ပစ်သတ်ခံရမှု မသက်ဆိုင်ကြောင်း ထားဝယ်တော်လှန်ရေးအဖွဲ့အချို့ထုတ်ပြန်

ထားဝယ် ဆန်ဆိုင်ပိုင်ရှင် သေနတ်နဲ့ပစ်သတ်ခံရမှု မသက်ဆိုင်ကြောင်း ထားဝယ်တော်လှန်ရေးအဖွဲ့အချို့ထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကရပ်ပြင်ရပ် လမ်းဆုံအနီးက ဆန်ဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်သတ်ခံရမှုဟာ ၄င်းတို့နဲ့ မသက်ဆိုင်ကြောင်း ထားဝယ်တော်လှန်ရေးအဖွဲ့အချို့က သတင်းထုတ်ပြန်ပါတယ်။

Guerrilla Dawei(ထားဝယ် ပြောက်ကျားတပ်ဖွဲ့)၊ PDF D-Day Dawei အဖွဲ့နဲ့ Dawei People Defence Force(DPDF)တို့က နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည် ၁ နာရီကျော်ခန့်မှာ ဆန်ဆိုင်ပိုင်ရှင် ဦးခင်မောင်အေးပိုင် ဆန်ဆိုင်ကို အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးခင်မောင်အေးမှာ ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားခဲ့ပြီး သားဖြစ်သူမှာ လည်း သေနတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ယခုလို သေနတ်နဲ့လာရောက်ပစ်ခတ်သည့်ဖြစ်စဉ်ကို မည်သည့်အဖွဲ့အစည်းက လာရောက်ပစ်ခတ်သည်ကို မသိရသေးပေမယ့် ဒေသခံတွေကတော့ ပျူ စောထီးအဖွဲ့တွေက လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...