NUG အစိုးရနဲ့ မပတ်သက်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ထပ်မံ ခေါ်ယူ သတိပေး

NUG အစိုးရနဲ့ မပတ်သက်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ထပ်မံ ခေါ်ယူ သတိပေး

မွန်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဆက်စပ်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဖို့ စစ်ကောင်စီက အောက်တိုဘာ နောက်ဆုံးအပတ်မှာ ထပ်မံခေါ်ယူ သတိပေးခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံဌာနတွေဖြစ်ကြတဲ့ အခွန်၊ စည်ပင်၊ ထွေအုပ်နဲ့ ရဲစတဲ့ဌာနတွေက စီပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ NUG အစိုးရကို ငွေကြေးထောက်ပံ့တာတွေ မလုပ်ကြဖို့ ခေါ်ယူသတိပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့လို ခေါ်ယူသတိပေးရာမှာ စစ်အုပ်စုကို မထောက်ခံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သီးသန့်ခေါ်ယူသတိပေးခဲ့တာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ NUG အစိုးရနဲ့ ဆက်စပ်အဖွဲ့အစည်းတွေကို နောက်ကွယ်ကနေ ငွေကြေး ထောက်ပံနေကြောင်း စုံစမ်းသိရှိရရင် လုပ်ငန်းလိုင်စင်သိမ်းဆည်းသွားတာအပြင် တည်ဆဲ ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ မကြာခဏ ငွေကြေးတောင်းခံနေပြီး တောင်းခံတဲ့ ငွေကြေး မပေးဆောင်ရင် ခြိမ်းခြောက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...