NUG အစိုးရနဲ့ မပတ်သက်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ထပ်မံ ခေါ်ယူ သတိပေး

NUG အစိုးရနဲ့ မပတ်သက်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ထပ်မံ ခေါ်ယူ သတိပေး

မွန်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဆက်စပ်အဖွဲ့အစည်းတွေနဲ့ မပတ်သက်ဖို့ စစ်ကောင်စီက အောက်တိုဘာ နောက်ဆုံးအပတ်မှာ ထပ်မံခေါ်ယူ သတိပေးခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံဌာနတွေဖြစ်ကြတဲ့ အခွန်၊ စည်ပင်၊ ထွေအုပ်နဲ့ ရဲစတဲ့ဌာနတွေက စီပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ NUG အစိုးရကို ငွေကြေးထောက်ပံ့တာတွေ မလုပ်ကြဖို့ ခေါ်ယူသတိပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့လို ခေါ်ယူသတိပေးရာမှာ စစ်အုပ်စုကို မထောက်ခံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သီးသန့်ခေါ်ယူသတိပေးခဲ့တာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ NUG အစိုးရနဲ့ ဆက်စပ်အဖွဲ့အစည်းတွေကို နောက်ကွယ်ကနေ ငွေကြေး ထောက်ပံနေကြောင်း စုံစမ်းသိရှိရရင် လုပ်ငန်းလိုင်စင်သိမ်းဆည်းသွားတာအပြင် တည်ဆဲ ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ မကြာခဏ ငွေကြေးတောင်းခံနေပြီး တောင်းခံတဲ့ ငွေကြေး မပေးဆောင်ရင် ခြိမ်းခြောက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...