ပင်လည်ဘူးမြို့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများ

ပင်လည်ဘူးမြို့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၌ နိုဝင်ဘာလ (၅)ရက်နေ့က  မလိမ်းတုံး ၊ ပင်တုံးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အယောက် (၄၀) သေဆုံးကြောင်း  ပင်လည်ဘူးဒေသရှိ တိုက်ပွဲသတင်းများကို ထုတ်ပြန်နေသည့် Pinlebu Revolution facebook စာမျက်နှာက ရေးသားထားသည်။

စစ်ကောင်စီဘက်က စစ်ကြောင်း (၄) ကြောင်းဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး တိုက်ပွဲတွင် ဒေသခံ  PDF ဘက်က (၅) ဦးကျဆုံးခဲ့ကြောင်းလည်း သိရသည်။

ကောလင်းခရိုင်ဖြစ်သည့် ကောလင်း ၊ဝန်းသို ၊ပင်လည်ဘူးမြို့များကို စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပိတ်ထားပြီး ဒေသခံ PDF များကို ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သည်မှာ (၂) လကျော်ကြာမြင့်နေပြီ ဖြစ်သည် ။

အဆိုပါ ၂ လအတွင်း ဒေသခံ PDF ဘက်မှ ရဲဘော်ကျဆုံးမှုများရှိသလို စစ်ကောင်စီဘက်ကလည်း ကျဆုံးမှုအများအပြားရှိနေကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ   ကျွန်းလှ  ၊ ကန့်ဘလူ ၊တန့်ဆည်နှင့် ကောလင်းခရိုင် တို့တွင် စစ်ကောင်စီက အလောင်းမင်းတရားစစ်ဆင်ရေးအမည်ဖြင့် ဒေသခံ PDF များကို ထိုးစစ်ဆင်နေကြောင်း သိရသည်။

ကောလင်းခရိုင်အတွင်း ပြီးခဲ့သည့် အောက်တိုဘာလ (၂၈) ရက်နေ့က  ရုရှားနိုင်ငံထုတ် စစ်လေယာဉ်တချို့ ပျံသန်းမှုများနှင့်   ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...