ပင်လည်ဘူးမြို့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများ

ပင်လည်ဘူးမြို့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၌ နိုဝင်ဘာလ (၅)ရက်နေ့က  မလိမ်းတုံး ၊ ပင်တုံးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အယောက် (၄၀) သေဆုံးကြောင်း  ပင်လည်ဘူးဒေသရှိ တိုက်ပွဲသတင်းများကို ထုတ်ပြန်နေသည့် Pinlebu Revolution facebook စာမျက်နှာက ရေးသားထားသည်။

စစ်ကောင်စီဘက်က စစ်ကြောင်း (၄) ကြောင်းဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး တိုက်ပွဲတွင် ဒေသခံ  PDF ဘက်က (၅) ဦးကျဆုံးခဲ့ကြောင်းလည်း သိရသည်။

ကောလင်းခရိုင်ဖြစ်သည့် ကောလင်း ၊ဝန်းသို ၊ပင်လည်ဘူးမြို့များကို စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပိတ်ထားပြီး ဒေသခံ PDF များကို ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သည်မှာ (၂) လကျော်ကြာမြင့်နေပြီ ဖြစ်သည် ။

အဆိုပါ ၂ လအတွင်း ဒေသခံ PDF ဘက်မှ ရဲဘော်ကျဆုံးမှုများရှိသလို စစ်ကောင်စီဘက်ကလည်း ကျဆုံးမှုအများအပြားရှိနေကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ   ကျွန်းလှ  ၊ ကန့်ဘလူ ၊တန့်ဆည်နှင့် ကောလင်းခရိုင် တို့တွင် စစ်ကောင်စီက အလောင်းမင်းတရားစစ်ဆင်ရေးအမည်ဖြင့် ဒေသခံ PDF များကို ထိုးစစ်ဆင်နေကြောင်း သိရသည်။

ကောလင်းခရိုင်အတွင်း ပြီးခဲ့သည့် အောက်တိုဘာလ (၂၈) ရက်နေ့က  ရုရှားနိုင်ငံထုတ် စစ်လေယာဉ်တချို့ ပျံသန်းမှုများနှင့်   ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...