ရခိုင်တွင် ယခုနှစ်အတွင်း မီးလောင်မှုကြောင့် သေဆုံးသူ ၃ဦးရှိ

ရခိုင်တွင် ယခုနှစ်အတွင်း မီးလောင်မှုကြောင့် သေဆုံးသူ ၃ဦးရှိ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇)ခုတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း မီးလောင်မှုကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ယခုနှစ်တွင် မီးလောင်မှုဖြစ်စဉ်စုစုပေါင်း ၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူဦးရေ ၃၁၀၀ ကျော် မီးဘေးသင့်ခဲ့ရကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထိုက်က DMG သို့ ပြောသည်။

“ရခိုင်ပြည်က မီးလောင်မှုဖြစ်စဉ်တွေက မီးပေါ့ဆစွာသုံးစွဲမှုကြောင့် မီးလောင်မှုပိုဖြစ်တာများတယ်။ ဒီနှစ်ထဲမှာဆိုရင် မီးလောင်မှုကြောင့် ကျပ်သိန်း ၇၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်”ဟု ၄င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း မီးလောင်မှုဖြစ်စဉ်များမှာ မီးဖိုမီး၊ ပေါ့ဆမီး၊ အလိုလျှောက်မီး၊ လျှပ်စစ်မီး၊ ရှို့မီး၊ တောမီးတို့ကြောင့်ဖြစ်ပွားရပြီး မီးဖိုမီးနှင့် ပေါ့ဆမီးတို့ကြောင့် မီးလောင်မှုအများဆုံး ဖြစ်ပွားရသည်။

မီးလောင်မှုဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန် ပြည်နယ်မီးသတ်ဦးစီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အသိပညာပေးမှုများဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...