ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အဂတိမှုအတွက် လိုပြသက်သေဒေါ်ခင်မိမိကြွယ် ရုံးချိန်းရောက်မလာ

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အဂတိမှုအတွက် လိုပြသက်သေဒေါ်ခင်မိမိကြွယ် ရုံးချိန်းရောက်မလာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအား သီးသန့်စွဲဆိုထားသော အဂတိ လိုက်စားမှုဥပဒေပုဒ်မ ၅၅ အမှုအတွက် တရားလိုပြသက်သေဦးဖြိုးမင်းသိန်း၏ ဇနီး ဒေါ်ခင်မိမိကြွယ်မှာ ယနေ့ရုံးချိန်းတွင် ရောက်ရှိလာခြင်းမရှိသောကြောင့် အမှုမစစ်ဆေးဖြစ်ကြောင်း သိရသည်။

ထိုအမှုသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကအကယ်ဒမီအခေါက်ရွှေ ခုနစ်ပ်သာနှင့် အမေရိကန်ဒေါ်လာ ခြောက်သိန်း ပေးခဲ့ရသည်ဆိုသည့် အမှုဖြစ်သည်။

"ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်ကို တရားရုံးမှာထွက်ဆိုပေးဖို့ ဆင့်ခေါ်ပေမဲ့ သူရောက်မလာလို့ သူရဲ့ထွက်ဆိုချက်ကိုကြားနာဖို့နောက်ရုံးချိန်းကိုထပ်မံချိန်းဆိုထားတယ် နေမကောင်းလို့ခွင့်တင်ထားတာပါ "ဟု ရှေ့နေအဖွဲ့နှင့် နီးစပ်သူတစ်ဦးက မဇ္စျိမကို အတည်ပြုသည်။

ယင်းအမှုသည် ရာကြီးမှုအမှတ် (၂)အဖြစ်သတ်မှတ်စစ်ဆေးနေခြင်းဖြစ်ပြီး တရားလိုပြသက်သေအဖြစ် လူမှုဖူလုံရေးကောင်စီအရာရှိ ဒေါ်ပွင့်သန္တာကျော်ကို စစ်ဆေးသွားရန်လည်းရှိနေသည်။

ဦးဖြိုးမင်းသိန်း၏ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်အား အမှုအတွက် တရားရုံးကဆင့်ခေါ်ထားသော်လည်း ရုံးချိန်းသို့ရောက်ရှိ မလာသည်မှာ ရုံးချိန်းနှစ်ချိန်းမြောက်ခဲ့ပြီဖြစ်သည်။

ယနေ့( နိုဝင်ဘာ၅) ရက် ရုံးချိန်းတွင် အဂတိမှု လေးမှုအနက် ရာကြီးမှု အမှတ် (၃) ကို စတင်ဆေးခဲ့ပြီး အမှုတွင်ပူးတွဲပါဝင်သော ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါက်တာမျိုးအောင်နှင့်ဦးမင်းသူတို့သုံးဦးအမှုအတွက် နေပြည်တော်လူမှုဖူလုံရေးကော်မတီအရာရှိ ဦးစိုးနိုင်ကို စွပ်စွဲခံရသူများ၏ ရှေ့နေအဖွဲ့က ပြန်လှန်မေးခွန်းစစ်မေးခဲ့ကြသည်။

ထို့နောက် တရားလိုပြသက်သေ ဦးစိုးနိုင်ကိုပင် ရာကြီးမှုမှုအမှတ် (၄) တွင်ပါဝင်သော ဒေါ်အောင်ဆန်းစုကြည် ၊ဒေါက်တာမျိုးအောင်၊ဦးရဲထက်နှင့် ဦးမင်းသူတို့လေးဥိးကိုပူးတွဲ စွဲဆိုထားသောအမှုအတွက်ထပ်မံစစ်ဆေးခဲ့သည်။

ထို့အပြင် ရာကြီးမှုအမှတ် (၅)တွင် စွပ်စွဲခံရသော ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးရဲထက်အမှုအတွက် သက်သေထွက်ဆိုမည့်နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယညွှန့်မှုးကို စစ်ဆေးရန်ဆင့်ခေါ်ထားရှိသည်။

စစ်ကောင်စီက စွဲဆိုထားသော အဂတိလေးမှုစလုံးအား လာမည့်နိုင်ဝင်ဘာ၁၂ ရက် (သောကြာနေ့ )သို့ ပြန်လည်ချိန်ဆိုထားသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်အချို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မတစ်မျိုးတည်းမှာပင် လေးမှုဖြင့် တရားစွဲဆိုထားရာ ယင်းအမှုလေးမှုအနက် တစ်မှုမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်တစ်ဦးတည်း သီးသန့်စွဲဆိုထားသည့်အမှုတစ်ခုပါဝင်သည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...