ပုလဲမြို့နယ် NLD အမတ်နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ဖျက်ဆီး ပစ္စည်းများယူဆောင်သွား

ပုလဲမြို့နယ် NLD အမတ်နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ဖျက်ဆီး ပစ္စည်းများယူဆောင်သွား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) လွှတ်တော်အမတ် ဦးဇော်ထက်၏ နေအိမ်ကို နိုဝင်ဘာလ ၄ ရက် ညနေ ၃နာရီ မိနစ် ၃၀ အချိန်ခန့်တွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နို၀င်ဘာလ ၅ ရက် နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်သားများ ထပ်မံဝင်ရောက်ကာ ပစ္စည်းများ ယူဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က အင်အား ၂၀ခန့်ဖြင့် နိုဝင်ဘာ ၄ ရက်တွင် ရောက်လာပြီး သေနတ် ၁၅ ချက်ခန့်အထိ ပစ်ဖောက်ကာ အိမ်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း Pale PDF-Headquarters အဖွဲ့ တာဝန်ရှိသူက ပြောသည်။

"NLDလွှတ်တော်အမတ် ဦးဇော်ထက်ရဲ့ မင်းတိုင်ပင်ရွာက မိသားစုပိုင်နေအိမ်ကို သေနတ် ၁၅ချက်လောက် ပစ်ဖောက်ပြီး ဝင်သွားတယ်။ CCTV တွေလည်း ဖျက်ဆီးပြီး အိမ်ခန်းထဲက ဗီရိုတွေဖွင့်ပြီးအင်ဂျင်ဝိုင်ဗူးတွေကအစ ပစ္စည်းတော်တော်များများ ယူဆောင်သွားတယ်"ဟု Pale PDF-Headquarters အဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၏ အဆိုပါနေအိမ်တွင် လက်ရှိ နေထိုင်သူ မရှိသည့်အတွက် လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များက ယမန်နေ့ညက မင်းတိုင်ပင်ရွာတွင် တပ်လာစွဲထားကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...