လူပေါင်း ထောင်နှင့်ချီဆင်နွှဲလေ့ရှိသည့် ဘဲငါးရာတောင်တက်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

လူပေါင်း ထောင်နှင့်ချီဆင်နွှဲလေ့ရှိသည့် ဘဲငါးရာတောင်တက်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

လူပေါင်း ထောင်နှင့်ချီဆင်နွှဲလေ့ရှိသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘဲငါးရာတောင်တက်ပွဲကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။

တိုက်ပွဲနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ပွဲမကျင်းပဖြစ်ခဲ့သော်လည်း လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုလည်း မရှိတော့သလို ကိုဗစ်ဖြစ်ပွားမှုလည်း လျော့ကျလာနေပြီဖြစ်၍ ပွဲကျင်းပရခြင်းဖြစ်သည်ဟု ယိုးတရုပ်ကျေးရွာမှ ပွဲစီစဉ်သူ ဦးကျော်မောင်က နိရဉ္စရာကို ပြောသည်။

“ပွဲမကျင်းပနိုင်တာ တစ်နှစ်လောက်ရှိပြီ။ ဒီနှစ်မှာ ရပ်ရွာ နည်းနည်းအေးချမ်းနေတော့ ပွဲလုပ်ဖြစ်တာပါ။ ဒီနှစ်အတွက် လုံခြုံမှုလည်းရှိတယ်လို့ ထင်တယ်”ဟု ပြောသည်။

ယခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သော နိုဝင်ဘာလ ၁၈ ရက်တွင်ကျင်းပမည့် ဘဲငါးရာတောင်တက်ပွဲတွင် ဇာတ်ပွဲ၊ စတိတ်ရှိုးပွဲ၊ ဝင်္ကပါပတ်ပွဲစသည့် ပျော်ပွဲရွှင်ပွဲများအပြင် ကဗျာပြိုင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဟု ဆိုသည်။

ယခုကဲ့သို့ပြန်လည်ကျင်းပနိုင်ခြင်းအတွက် ဒေသခံများက ဝမ်းသာပီတိဖြစ်နေကြသည်ဟုလည်း ပုဏ္ဏားကျွန်းမြို့ခံ ကိုကျော်မြင့်သန်းက ပြောသည်။

“အရင်နှစ်က လုံခြုံမှုမရှိတော့ပွဲလည်းမလုပ်ရဘူး။ သွားလည်း မသွားရဘူး။ အခုနှစ်မှာ လုံလုံံခြုံခြုံသွားရမယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်”ဟု ပြောသည်။

ဘဲငါးရာတောင်တက်ပွဲကို နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း ယိုးတရုပ်ရွာအနီးတွင် ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပလေ့ရှိသည်။

ပွဲတော်သို့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်မှ လူပေါင်း ထောင်နှင့်ချီလာရောက်လည်ပတ်ကြပြီး လပြည့်နေ့နံအရုဏ်ချိန်မှစတင်ကာ တောင်တက်ပွဲကို ဆင်နွှဲတတ်ကြသည်။

ဘဲငါးရာတောင်သည် အမြင့်ပေ ၃၆၀၀ ကျော်ရှိပြီး ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ၏ အနောက်တောင်ဘက်၊ ရန်ကုန်-စစ်တွေ ကားလမ်း၏ အနောက်ဘက်တစ်မိုင်တွင်တည်ရှိသည်။

ပါးစပ်ရာဇဝင်များအရ အဆိုပါတောင်တွင် ရတနာသိုက်များရှိပြီး ထူးခြားသည့်တောင်ဟု ဆိုကြသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...