လူလုပ်အသိဉာဏ် AI နည်းပညာနဲ့ ဒရုန်းလက်နက်တိုက်ကို စွမ်းဆောင်ရည် မြှင့်တင်ရန် ပူတင် တိုက်တွန်း

လူလုပ်အသိဉာဏ် AI နည်းပညာနဲ့ ဒရုန်းလက်နက်တိုက်ကို စွမ်းဆောင်ရည် မြှင့်တင်ရန် ပူတင် တိုက်တွန်း

ရုရှနိုင်ငံရဲ့ ဒရုန်းလက်နက်တိုက်ကို ရှေ့ဆက် ဖွံ့ဖြိုးတိုးတက်ရေးမှာ အထူးသဖြင့် လူလုပ်အသိဉာဏ် AI နည်းပညာကနေ ဖော်ဆောင်သွားဖို့ သမ္မတ ဗလာဒီမာ ပူတင်က အင်္ဂါနေ့မှာ ကာကွယ်ရေးအကြီးအကဲတွေကို ပြောဆိုပါတယ်။

စစ်တပ်မှာ ဖယ်ရှားရှင်းလင်းပစ်ခဲ့ရတဲ့ ဒရုန်းပေါင်း ၂၀၀၀ ကျော်ထက်မနည်း ရှိထားကြောင်း ကာကွယ်ရေး အကြီးတန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပူတင်က ပြောပါတယ်။

“ဒရုန်းတွေ တည်ဆောက်ထုတ်လုပ်ရေးမှ ပိုပြီး လုပ်ကိုင်ဆောင်ရွက် သွားကြရမှာ ဖြစ်တယ်၊ အဓိကကတော့ လူလုပ်အသိဉာဏ်နဲ့ နောက်ဆုံးပေါ် သိပ္ပံနဲ့ နည်းပညာတွေကို အသုံးချသွားရမယ်”လို့ ပူတင်က ပြောကြောင်း ကရင်မလင်က ထုတ်ပြန်ပါတယ်။

မကြာသေးတဲ့ ပဋိပက္ခတွေမှာ ဒရုန်းတွေက ထိရောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြောင်း၊ ရုရှဟာ ဆီးရီးယားမှာ “အကြမ်းဖက် ဒရုန်း တိုက်ခိုက်မှုတွေ”အပါအဝင် ဒရုန်းတွေ သုံးတဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရဖူးပြီး ဖြစ်ကြောင်း ပူတင်က ဆိုပါတယ်။

“ဒီလို တိုက်ခိုက်မှုတွေကို ဘယ်လို တန်ပြန်ရမယ်ဆိုတာ ကျွန်တော်တို့ အတွေ့အကြုံရထားပြီ၊ ဒါကို ထိထိရောက်ရောက်ဖြစ်အောင် လုပ်ကိုင်သွားကြရမယ်”လို့ သူက ပြောပါတယ်။

ဒရုန်းနည်းပညာ ဖွံ့ဖြိုးရေးဟာ ပူတင်ရဲ့ လက်ထက်မှာ အဓိကထား တွန်းတင်ဆောင်ရွက်တဲ့ လက်နက်ဖွံ့ဖြိုးရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။ ပူတင်ဟာ သူ အုပ်ချုပ်တဲ့ ဆယ်စုနှစ် နှစ်စုမှာ စစ်စွမ်းရည် တိုးမြင့်ရေးကို အခြေခံအုတ်မြစ် ချထားတာပဲ ဖြစ်ပါတယ်။

The Checkmate လို့ နာမည်ပေးထားတဲ့ Sukhoi ကိုယ်ပျောက်တိုက်လေယာဉ် နောက်ဆုံးမျိုးဆက်ကို ဒီနှစ်အစောပိုင်းမှာ မိတ်ဆက်ပြသခဲ့ပြီး ဒီ တိုက်လေယာဉ်ဟာ ဒရုန်းတွေကိုပါ တင်ဆောင်ပျံသန်း စေလွှတ်နိုင်တာ ဖြစ်ပါတယ်။

ရုရှဟာ အသံထက်မြန်တဲ့ ဒုံးကျည်တွေ တည်ဆောက်ရေးမှာလည်း ရှေ့က ဦးဆောင်နေပါတယ်။ ဒီ ဒုံးကျည်တွေဟာ အသံထက် ငါးဆမြန်ပြီး အနိမ့်ပျံ ပျံသန်းနိုင်တာကြောင့် ခြေရာကောက်ကြားဖြတ်နိုင်ဖို့ ခက်ခဲတဲ့ ဒုံးကျည်တွေလည်း ဖြစ်ပါတယ်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...