ကသာမြို့က ဖမ်းဆီးခံထားရသည့် ဈေးသည် ၁၃ ဦး မိသားစုများနှင့်တွေ့ခွင့် မရ

ကသာမြို့က ဖမ်းဆီးခံထားရသည့် ဈေးသည် ၁၃ ဦး မိသားစုများနှင့်တွေ့ခွင့် မရ

စစ်ကိုင်းတိုင်း၊ ကသာမြို့က စျေးသည် ၁၃ ဦးကို စစ်ကောင်စီဖမ်းဆီးခဲ့သည်မှာ ရက်သတ္တ ၃ ပတ် ကျော်လာပြီ ဖြစ်သော်လည်း ယနေ့ချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသည့်အပြင် မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။

“အရင်တစ်ခါ လွှတ်တဲ့ထဲလည်း ပါမလာဘူး ပြန်မလွတ်သေးဘူး။ ကျနော်တို့ ကြားရသလောက်တော့ အားလုံးကို အမူဖွင့်ဖို့ စွဲချက်တင်ထားပြီ သိရတယ်” ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ကသာမြို့မှ ဈေးသည် (၁၃)ဦးအား အရေးကြီးမေးစရာရှိသည်ဟုဆိုကာ ရုတ်တရက်ဖမ်းဆီးသွားကာ အမှတ် (၁) ရဲစခန်းတွင် စစ်ဆေးနေသည်ဟု သိရသည်။

“သူတို့ဖမ်းသွားပြီးနောက်ရက်‌‌ တနင်္လာနေ့အထိတော့ မိသားစုများနဲ့တွေ့ခွင့်ပေးသေးတယ်။ အဲနောက်တော့ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးတော့ဘူး။ ခု ရမန်ယူပြီးရင်တော့ ထောင်ပို့တော့မယ်လို့ သိရတယ်။” ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများမှ စိန်လှိုင်ကိတ်ဆိုင်မှ ၁ ဦး၊ ကိုအီးတိန် ရွှေဆိုင်မှ ၁ ဦး၊ ဦးကိုကြီး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ၁ ဦး၊ ရန်း ဆေးဆိုင်မှ ၁ ဦး၊ စိန်စမ်းမြင့် ငါးပွဲရုံမှ ၁ ဦး၊ လှိုင်စာပေမှ ၁ ဦး၊ လင်းယုန် စာပေမှ ၁ ဦး၊ မြို့မမုန့်တိုက်ဘေး လယ်ယာပစ္စည်း အရောင်းဆိုင် ၁ ဦး၊ သာမန်ပြည်သူ ၄ ဦး စုစုပေါင်း ၁၃ ဦးတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုင်ကြားသူများရှိသည့်အတွက် စစ်ကောင်စီတိုင်းအဆင့်မှ စာထုတ်ပြီးဖမ်းခိုင်းသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသော်လည်း KNG သတင်းဌာနမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကချင်နှင့် စစ်ကိုင်း နယ်စပ်ဖြစ်သော ကသာခရိုင်တကြောတွင် ဒေသခံ PDF များက ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ လက်အောက်ခံတပ်ရင်း ၅ ဖြင့် ပူးတွဲကာ စစ်ကောင်စီကို တိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်နေကြောင်း သိရသည်။

စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...