ရခိုင်ပြည်နယ်မှာ သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရ

ရခိုင်ပြည်နယ်မှာ သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရ

ရခိုင်ပြည်နယ်တွင် ယခုနှစ်လူသတ်မှုမှာ သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

ရခိုင်ပြည်နယ် (၁၇) မြို့နယ်အတွင်းမှာ ၂၀၂၀ ခုနှစ်က လူသတ်မှု ၁၂၂ မှုဖြစ်ပွားခဲ့ပြီး ယင်းအမှုဖြစ်စဉ်များမှ ဖမ်းဆီးတရားစွဲဆိုတင်ပို့မှု ၉၇ မှုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

လူသတ်မှုလေးမှုကို အမှုပိတ်သိမ်းခဲ့ပြီး ၂၁ မှုကို တရားခံဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မှုခင်းမှတ်တမ်းစာရင်းများအရ ကိုးလအတွင်း လူသတ်မှုမှာ ၇၅ မှုဖြစ်ပွားခဲ့သောကြောင့် ရခိုင်ပြည်နယ်အတွင်း သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံနေရသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်များမှ ဖမ်းဆီးတရားစွဲဆိုတင်ပို့မှု ၃၉ မှုနှင့် စုံစမ်းစစ်ဆေးနေဆဲအမှု ၃၆ မှုကျန်ရှိနေကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး (မှုခင်းမှတ်တမ်း) မျိုးဝင်းက DMG ကိုပြောသည်။

“လူသတ်မှုအများစုက အရက်သေစာသောက်စားရာကနေ ဒေါသစိတ်ကိုမထိန်းနိုင်တဲ့အတွက် အမှုဖြစ်တာပိုများတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် လူသတ်မှုအပါအဝင် အခြားမှုခင်းဖြစ်စဉ်များကိုလည်း လျော့နည်းကျဆင်းစေရန် ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ကြိုတင်ကာကွယ်မှုများ တိုးမြင့်ဆောင်ရွက်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...