စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ (၁၀) ဦးထက်မနည်းသေဆုံး

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ (၁၀) ဦးထက်မနည်းသေဆုံး

လွိုင်ကော်မှ ဖယ်ခုံကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မိုးဗြဲမြို့အထွက်နားမှာ မိုးဗြဲ PDF နဲ့ KNDF ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၁၀) ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ မိုးဗြဲပြည်သူ့ကာကွယ်ရေး သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဒီကနေ့ နံနက် ၇ နာရီဝန်းကျင်မှာ စစ်သားအင်အား (၅) ဝန်းကျင်ခန့် တင်ဆောင်လာတဲ့ စစ်သား ၅ စီးကို မိုးဗြဲ PDF နဲ့ KNDF ပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၅မိနစ်ကြာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နံနက် ၇ နာရီခွဲဝန်းကျင်မှ မိုးဗြဲအခြေစိုက် ၄၂၂ တပ်ရင်းမှ မိုးဗြဲမြို့အတွင်းရှိ လူနေရပ်ကွက်ထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးနောက် ၄၄ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဘက်ပေါင်းစုံမှ အထိနာနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အရပ်သားနဲ့ရန်သူ စနစ်တကျမခွဲခြားဘဲ အပြစ်မဲ့အရပ်သားတွေကို ပစ်မှတ်ထားနေခြင်းမှာ စပ်ဆုတ်ဖွယ်ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် လက်ရှိမှာ မိုးဗြဲပြည်သူလူထုတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...