မော်လမြိုင်မြို့တွင် စိတ်ကြွရူးသွပ်ဆေး ၇၈၀၀ ပြား ဖမ်းဆီးရမိ

မော်လမြိုင်မြို့တွင် စိတ်ကြွရူးသွပ်ဆေး ၇၈၀၀ ပြား ဖမ်းဆီးရမိ

မော်လမြိုင်မြို့တွင် အောက်တိုဘာ ၂၄ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ထုတ်ပြန်ချက်အရ သိရသည်။

ဈေးကြိုရပ်ကွက်၊ မော်လမြိုင်-ကျိုက္ခမီ လမ်းမကြီးပေါ်တွင် ရပ်တန့်ထားသည့် TOYOTA Probox အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ကျော်ဇင်သန့်၊ သိန်းမြင့် နှင့် အောင်ကျော်ထွန်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ မော်တော်ယာဉ် အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ် ၂၃.၄ သိန်း) အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ကျော်ဇင်သန့် (၁၈) နှစ်၊ အောင်ကျော်ထွန်း (၃၄) နှစ်နှင့် သိန်းမြင့် (၅၅) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

အလားတူ အောက်တိုဘာ ၂၅ ရက် နေ့လည်၌ တနင်္သာရီတိုင်း၊ ရေဖြူမြိုနယ်၊ မလွှဲတောင် ပူးပေါင်းစစ်ဆေးဂိတ်တွင် ရန်ကုန်မှ မြိတ်သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်အား စစ်ဆေးရာ ခရီးသည် မင်းဌေး၏ ခရီးဆောင်အိတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား  ၈၂၆၉၅ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၄၈၀.၈၅ သိန်းခန့်) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မင်းဌေး (၃၈) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်များကို ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း CCDAC Myanmar က ထုတ်ပြန်ထားသည်

 
 

 

 

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...