စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်ရက်လျှင် ကုန်တန်ချိန် ၃၀၀ ခန့်တင်ပို့နေ

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်ရက်လျှင် ကုန်တန်ချိန် ၃၀၀ ခန့်တင်ပို့နေ

ရခိုင်ပြည်နယ်၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်ရက်လျှင် ကုန်ပစ္စည်းတန်ချိန် ၃၀၀ ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လက်ရှိအဓိက တင်ပို့နေသောကုန်ပစ္စည်းများမှာ မကျည်းစေ့၊ ငါးမြစ်ချင်း၊ ဇီးယို၊ ဂျင်းစိမ်းနှင့် ကြက်သွန်နီတို့ ဖြစ်ကြသည်။

“ကိုဗစ်မဖြစ်ခင်တုန်းက တင်ပို့တဲ့ပစ္စည်းနဲ့ အခုတင်ပို့နေရတဲ့ ပစ္စည်းတန်ချိန်က သိပ်မကွာဘူး။ ကုန်စည်စီးဆင်းမှုက ပြောမယ်ဆို အရင်အတိုင်းပါပဲ“ ဟု စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးမှ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပစ္စည်းများတင်ပို့နေပြီဖြစ်သော်လည်း တစ်ဖက်နိုင်ငံတွင် ကုန်ပစ္စည်းစျေးနှုန်းကျဆင်းနေခြင်းကြောင့် ကုန်ပစ္စည်းတင်ပို့မှုကို အနည်းငယ်သာ တင်ပို့နေရကြောင်း လှညီထွန်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဘင်္ဂလားဒေ့ရှ်ဘက်ကို ကုန်တင်ပို့သူတွေ များလာတာကြောင့် အဲဒီဘက်မှာ ကုန်စျေးနှုန်းကကျနေတယ်။ ကုန်ဈေးနှုန်းကျတော့ ကျနော်တို့က အရင်တုန်းကကျန်ရှိတဲ့ လက်ကျန်ပစ္စည်းတွေပဲ တင်ပို့ဖြစ်တယ်။ အရင်တုန်းကလောက် ပစ္စည်းမတင်ပို့ဖြစ်ဘူး“ ဟု ၎င်းကဆိုသည်။

အလားတူ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ငါးမြစ်ချင်း၊ ဇီးယို၊ ကွမ်းသီး၊ ငါးခြောက်၊ အထည်လိပ်၊ မာမိခေါက်ဆွဲနှင့် အလှကုန်ပစ္စည်းများနှင့် ကော်ဖီမစ်တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိနေသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များတင်ပို့မှုကို အောက်တိုဘာ ၂၀ ရက်က စတင်ခွင့်ပြုခဲ့သည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှာ ကိုဗစ်ရောဂါ တတိယလှိုင်းကြောင့် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်မှစတင်ကာ ပြည်နယ်စစ်ကောင်စီ၏ ညွှန်ကြားချက်အရ ယာယီပိတ်ထားခဲ့ရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများ ယာယီရပ်နားထားသည်မှာ သုံးလခန့်ကြာပြီးနောက် အောက်တိုဘာလ ၁၃ ရက်နေ့က နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

 
 

 

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...