ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ မောင်တောသို့ဝင်ရောက်လာသည့် အမျိုးသမီးငယ် ၃ ဦးကို ကယ်ရီသမားနှစ်ဦးနှင့်အတူ လူကုန်တားရဲတပ်ဖွဲ့မှဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ မောင်တောသို့ဝင်ရောက်လာသည့် အမျိုးသမီးငယ် ၃ ဦးကို ကယ်ရီသမားနှစ်ဦးနှင့်အတူ လူကုန်တားရဲတပ်ဖွဲ့မှဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ဝင်ရောက်လာသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် ၃ ဦးကို ဆိုင်ကယ်ကယ်ရီသမားနှစ်ဦးနှင့်အတူ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းတို့ကို မောင်တောမြို့ မြို့မကညင်တန်းရပ်ကွက် ဗိုလ်မှူးရွာအနီးကားလမ်းတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မောင်တော)မှ တာဝန်ရှိသူတစ်ဦးက DMG သို့ပြောသည်။

"မနေ့က မနက် ၈ နာရီကျော်အချိန်မှာ မောင်တောမြို့ မြို့မကညင်တန်းရပ်ကွက် ဗိုလ်မှူးရွာအနီးကားလမ်းဘေးမှာ သတင်းအရ တားဆီးစစ်ဆေးရာမှာ မောင်တောက ဘူးသီးတောင်ကို ဆိုင်ကယ်(၂)စီးနဲ့သွားလာတာကို ဖမ်းမိတာပါ"ဟု ၎င်းကဆိုသည်။

ယင်းသို့ဖမ်းမိသည့် အမျိုးသမီးငယ်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွင်နေထိုင်ကြသည့် မနူရ်ခေါ်လီမာ (၁၅)နှစ်၊ မူဆိုနီ(ခ)အာယေရှာဆီတိကာ (၁၄) နှစ်နှင့် မနော်ယုံမာ (၁၅) နှစ်တို့ဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသမီးငယ် (၃) ဦး၏ မိဘများမှာ မောင်တောမြို့နယ်တွင် နေထိုင်ခဲ့သူများဖြစ်ကာ လက်ရှိမှာ မိဘများ၏စီစဉ်မှုအရ မလေးရှားနိုင်ငံသို့သွားရောက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပွဲစားတစ်ဦးကခေါ်ဆောင်၍ အောက်တိုဘာ ၂၃ ရက်နေ့ ညဉ့် (၁၁) နာရီကျော်ခန့်အချိန်တွင် လှေဖြင့် မောင်တောသို့ဝင်ရောက်လာခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အောက်တိုဘာ ၂၄ ရက်နေ့တွင် ဆိုင်ကယ် (၂) စီးဖြင့် မောင်တောမြို့မှ ဘူးသီးတောင်မြို့သို့သွားရောက်ရာ၌ ရဲတပ်ဖွဲ့ဝင်များနှင့်တွေ့ကာ ၎င်းအမျိုးသမီးငယ် ၃ ဦးနှင့်အတူ ကယ်ရီသမား ၂ ဦးပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်သူနှစ်ဦးမှာ ဘူးသီးတောင်မြို့ ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ မောင်မြင့်လှိုင် (၃၅) နှစ်နှင့် အောင်မင်းကျော် (၃၃) နှစ်တို့ဖြစ်ကြပြီး ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာနေ ဆွေယောတူဆောင်း၏ခိုင်းစေချက်အရ အမျိုးသမီးငယ် ၃ ဦးကို တစ်ဦးလျှင် ငွေတစ်သောင်းကျပ်ဖြင့် ပို့ဆောင်ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းမှ မောင်တောသို့ ဝင်ရောက်လာသည့် အမျိုးသမီးငယ် ၃ ဦးကို တရားမဝင် ဝင်ရောက်လာ၍ လဝကဥပဒေဖြင့်လည်းကောင်း၊ အခကြေးငွေယူ၍ ပို့ဆောင်သူများဖြစ်သည့် မောင်မြင့်လှိုင်၊ အောင်မင်းကျော်၊ ဆွေယောတူဆောင်းနှင့် အမည်မသိလူပွဲစားများအား ဥပဒေအရ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့စ်ဘဇားဒုက္ခသည်စခန်းမှ မောင်တောမြို့နယ်သို့ တရားမဝင် ဝင်ရောက်လာသူ ၁၃ ဦးကို ဇင်တူလာကျေးရွာ ဒီရေတောအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 
 

 

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...