လောင်းလုံက လက်ဖက်ရည်ဆိုင်ထဲ မျက်နှာဖုံးစွပ် သေနတ်သမားတွေ ဝင်ပစ်လို့ ၂ ဦးသေဆုံး ၊ ၂ ဦးဒဏ်ရာရ

လောင်းလုံက လက်ဖက်ရည်ဆိုင်ထဲ မျက်နှာဖုံးစွပ် သေနတ်သမားတွေ ဝင်ပစ်လို့ ၂ ဦးသေဆုံး ၊ ၂ ဦးဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ပန္နလဲကျေးရွာရှိ လက်ဖက်ဆိုင်တစ်ခုထဲကို အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက မျက်နှာဖုံးစွပ် သေနတ်သမားတွေဝင်ပစ်လို့ ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ယနေ့မနက်ပိုင်း ၈ နာရီခန့်က လက်ဖက်ရည်ဆိုင်မှာ ဒေသခံတွေ စားသောက်နေစဉ် ကားတစ်စီးနဲ့ မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိလူတစ်စုရောက်ရှိလာပြီး ကားပေါ်ကနေဆင်းလာကာ လက်ဖက်ရည်ဆိုင်တံခါးဝအနီးမှာ ဆိုင်ထိုင်စားသောက်နေသူတွေကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကိုနေနေနဲ့ ဦးအောင်မြင့်ဆိုသူ ၂ ဦးမှာ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးသွားပြီး ဦးအုန်းနီနဲ့နောက်တစ်ဦးမှာ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိဆိုပါတယ်။

"ကားနဲ့လာပြီး ပစ်သွားတာ။ လာပစ်တဲ့သူတွေက မျက်နှာဖုံးစွပ်ထားတယ်။ အရပ်ဝတ်တွေနဲ့။ ဘယ်အဖွဲ့လည်းတော့ မသိဘူး။ ပြန်ကြားရတာက သူတို့ပစ်တဲ့ပုံစံက ဘယ်သူဆိုတာ ဦးတည်ပြီးပစ်တာမဟုတ်ဘဲ မျက်စိရှေ့မြင်ရာ ပစ်သွားတဲ့သဘောရှိတယ်။ ပစ်သွားတာက ၃ ယောက်" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေနတ်ပစ်ခံရပြီး သေဆုံးသူ ကိုနေနေဆိုသူမှာ တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်ကာ ဦးအောင်မြင့်၊ ဦးအုန်းနီနဲ့အခြားတစ်ဦးမှာ သာမန်အရပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အနီးအနားက ဒေသခံတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...