လောင်းလုံက လက်ဖက်ရည်ဆိုင်ထဲ မျက်နှာဖုံးစွပ် သေနတ်သမားတွေ ဝင်ပစ်လို့ ၂ ဦးသေဆုံး ၊ ၂ ဦးဒဏ်ရာရ

လောင်းလုံက လက်ဖက်ရည်ဆိုင်ထဲ မျက်နှာဖုံးစွပ် သေနတ်သမားတွေ ဝင်ပစ်လို့ ၂ ဦးသေဆုံး ၊ ၂ ဦးဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ပန္နလဲကျေးရွာရှိ လက်ဖက်ဆိုင်တစ်ခုထဲကို အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက မျက်နှာဖုံးစွပ် သေနတ်သမားတွေဝင်ပစ်လို့ ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ယနေ့မနက်ပိုင်း ၈ နာရီခန့်က လက်ဖက်ရည်ဆိုင်မှာ ဒေသခံတွေ စားသောက်နေစဉ် ကားတစ်စီးနဲ့ မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိလူတစ်စုရောက်ရှိလာပြီး ကားပေါ်ကနေဆင်းလာကာ လက်ဖက်ရည်ဆိုင်တံခါးဝအနီးမှာ ဆိုင်ထိုင်စားသောက်နေသူတွေကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကိုနေနေနဲ့ ဦးအောင်မြင့်ဆိုသူ ၂ ဦးမှာ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးသွားပြီး ဦးအုန်းနီနဲ့နောက်တစ်ဦးမှာ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိဆိုပါတယ်။

"ကားနဲ့လာပြီး ပစ်သွားတာ။ လာပစ်တဲ့သူတွေက မျက်နှာဖုံးစွပ်ထားတယ်။ အရပ်ဝတ်တွေနဲ့။ ဘယ်အဖွဲ့လည်းတော့ မသိဘူး။ ပြန်ကြားရတာက သူတို့ပစ်တဲ့ပုံစံက ဘယ်သူဆိုတာ ဦးတည်ပြီးပစ်တာမဟုတ်ဘဲ မျက်စိရှေ့မြင်ရာ ပစ်သွားတဲ့သဘောရှိတယ်။ ပစ်သွားတာက ၃ ယောက်" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေနတ်ပစ်ခံရပြီး သေဆုံးသူ ကိုနေနေဆိုသူမှာ တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်ကာ ဦးအောင်မြင့်၊ ဦးအုန်းနီနဲ့အခြားတစ်ဦးမှာ သာမန်အရပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အနီးအနားက ဒေသခံတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 
 

 

 

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...