ဟုမ္မလင်းမြို့နယ်တွင် ပုဒ်မ ၅၀၅ ဖြင့်ဖမ်းဆီးခံရသူနှစ်ဦး ပြန်လည်လွတ်မြောက်လာ

ဟုမ္မလင်းမြို့နယ်တွင် ပုဒ်မ ၅၀၅ ဖြင့်ဖမ်းဆီးခံရသူနှစ်ဦး ပြန်လည်လွတ်မြောက်လာ

ဟုမ္မလင်းမြို့နယ်တွင် ဖမ်းဆီးခံရသူများအနက် ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံရသူများထဲမှာ (၂) ဦးကို ခန္တီးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။

လွတ်မြောက်လာသူနှစ်ဦးသည် ကိုဟူစိန်နှင့် မဝေဝေထွန်းလင်းတို့ဖြစ်ကြောင်း ချင်းတွင်း-ဥရုနွေဦးတော်လှန်ရေး facebook ကသတင်းထုတ်ပြန်ထားသည်။

ကိုဟူစိန် ဖမ်းဆီးခံထားရသည်မှာ ၆ လကြာမြင့်ခဲ့ပြီး မဝေဝေထွန်း (MEC) ကလည်း ဖမ်းဆီးခံရသည်မှာ (၄)လ ကျော်ကြာမြင့်ခဲ့သည်။

မဝေဝေမြင့်နှင့်အတူ ဖမ်းဆီးခံရသည့် ဟုမ္မလင်းတောင်ပေါ်ကျောင်းဆရာတော်နှင့် တခြား (၂) ဦးလည်း လွတ်မြောက်လာခြင်းမရှိသေးပေ။

စစ်ကောင်စီက ပြန်လွတ်ရာတွင် အပိုင်း(၃) ပိုင်းခွဲပြီး ယနေ့မှ စပြီး ပြန်လည်လွတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီက ဆန္ဒပြပွဲတွင် ပါဝင်သူများကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထားသူ ငါးထောင်ကျော်ကို အောက်တိုဘာလ (၁၉) ရက်နေ့က ကြေညာထားသည်။

 
 

 

 

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...