ဟုမ္မလင်းမြို့နယ်တွင် ပုဒ်မ ၅၀၅ ဖြင့်ဖမ်းဆီးခံရသူနှစ်ဦး ပြန်လည်လွတ်မြောက်လာ

ဟုမ္မလင်းမြို့နယ်တွင် ပုဒ်မ ၅၀၅ ဖြင့်ဖမ်းဆီးခံရသူနှစ်ဦး ပြန်လည်လွတ်မြောက်လာ

ဟုမ္မလင်းမြို့နယ်တွင် ဖမ်းဆီးခံရသူများအနက် ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံရသူများထဲမှာ (၂) ဦးကို ခန္တီးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။

လွတ်မြောက်လာသူနှစ်ဦးသည် ကိုဟူစိန်နှင့် မဝေဝေထွန်းလင်းတို့ဖြစ်ကြောင်း ချင်းတွင်း-ဥရုနွေဦးတော်လှန်ရေး facebook ကသတင်းထုတ်ပြန်ထားသည်။

ကိုဟူစိန် ဖမ်းဆီးခံထားရသည်မှာ ၆ လကြာမြင့်ခဲ့ပြီး မဝေဝေထွန်း (MEC) ကလည်း ဖမ်းဆီးခံရသည်မှာ (၄)လ ကျော်ကြာမြင့်ခဲ့သည်။

မဝေဝေမြင့်နှင့်အတူ ဖမ်းဆီးခံရသည့် ဟုမ္မလင်းတောင်ပေါ်ကျောင်းဆရာတော်နှင့် တခြား (၂) ဦးလည်း လွတ်မြောက်လာခြင်းမရှိသေးပေ။

စစ်ကောင်စီက ပြန်လွတ်ရာတွင် အပိုင်း(၃) ပိုင်းခွဲပြီး ယနေ့မှ စပြီး ပြန်လည်လွတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီက ဆန္ဒပြပွဲတွင် ပါဝင်သူများကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထားသူ ငါးထောင်ကျော်ကို အောက်တိုဘာလ (၁၉) ရက်နေ့က ကြေညာထားသည်။

 
 

 

 

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...