သံတွဲတွင် မကြာခဏ ဖြစ်ပွားနေသည့်ခိုးမှုများ၌ လူငယ်ပိုင်းများ အများဆုံးပါဝင်

သံတွဲတွင် မကြာခဏ ဖြစ်ပွားနေသည့်ခိုးမှုများ၌ လူငယ်ပိုင်းများ အများဆုံးပါဝင်

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မကြာခဏဖြစ်ပွားနေသည့်ခိုးမှုများ၌ လူငယ်ပိုင်းများ အများဆုံးပါဝင်ကြောင်း မြို့ခံများက ပြောသည်။

ယခုနောက်ပိုင်းတွင် အသက်မပြည့်သည့်ကလေးများပင် ပါဝင်လာသည်ဟု သံတွဲမြို့ ငကျော်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က နိရဥ္စရာကိုပြောသည်။

“ခိုးတဲ့သူတွေကလည်း အသက်မပြည့်တဲ့ ကလေးတွေထင်တယ်။ ကျနော်ကတော့ ခိုးတာတွေကို မဖြစ်ရအောင် ပပျောက်စေချင်တယ်။ မလိုလားအပ်တာတွေမဖြစ်အောင်” ဟု ပြောသည်။

ငကျော်တောင်ကွင်းရပ်ကွက်အတွင်းတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်ညကလည်း တစ်ညအတွင်း နေအိမ် ၃ လုံးထံမှ ခိုးယူမှုဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

ယင်းရပ်ကွက်အတွင်းရှိ ဒေါ်နန်းမြင့်နွယ်၏စျေးဆိုင်ခန်းအတွင်း ပိုက်ဆံထည့်သည့်ပုံးမှ ပိုက်ဆံ ၃ သောင်း၊ ဦးကျော်မြင့်နေအိမ်မှ ဖုန်း ၂ လုံး၊ ဦးမောင်လေးနေအိမ်မှ ကျပ် ၃ သောင်းတန်ဖိုးရှိသောကွမ်းသီးတစ်အိတ်တို့ကို အခိုးခံခဲ့ရသည်ဟု ကာယကံရှင်များက ပြောသည်။

ဒေါ်နန်းမြင့်နွယ်က “ကျမတို့နေတဲ့အိမ်ရဲ့ရှေ့မှာ ကျမရဲ့ဆိုင်ခန်းရှိတယ်။ အဲ့ဆိုင်ခန်းက ပိုက်ဆံပုံးထဲက ပိုက်ဆံသုံးသောင်းပါသွားတယ်။ ကလေးလို့ထင်တယ်။ ခြေရာတွေကိုကြည့်ရတာ။ ပြတင်းပေါက်က ဝင်ခိုးသွားတာ” ဟု ပြောသည်။

ငကျော်တောင်ကွင်းရပ်ကွက် အမှတ် ၅ ရှိအထကခွဲစာသင်ကျောင်းတွင်နေထိုင်သော ကျောင်းဆရာမထံမှလည်း ခိုးယူရန်ကြံစည်ရာတွင် လူငယ်ပိုင်းသူခိုးများအားမြင်တွေ့လိုက်သည့်အတွက် ထွက်ပြေးသွားကြသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ပြောသည်။

ညောင်ပင်စျေးရပ်ကွက်ရှိနေအိမ်တစ်အိမ်မှ ဆိုင်ကယ်ခိုးယူရာတွင်မူ အိမ်ရှင်က သူခိုးအားဖမ်းမိခဲ့သည်ဟု သိရသည်။

 
 

 

 

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...