ကျိုက်ထိုက ဒေသခံသတင်းထောက် ကိုထက်မြက်သူ ဒီကနေ့ ပြန်လွတ်

ကျိုက်ထိုက ဒေသခံသတင်းထောက် ကိုထက်မြက်သူ ဒီကနေ့ ပြန်လွတ်

မတ်လ (၂၇) ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျိုက်ထိုဒေသခံသတင်းထောက် ကိုထက်မြက်သူဟာ ဒီကနေ့ အောက်တိုဘာလ (၁၉) ရက်နေ့မှာ သထုံအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ကိုထက်မြက်သူဟာ ကျိုက်ထိုမြို့က မတ်လ (၂၇) ရက်နေ့ ဆန္ဒဖော်ထုတ်မှုကို သတင်းရယူနေစဉ် သေနတ်နှင့်ပစ်ခတ်ခံရပြီး အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ရက်ပေါင်း (၂၀၆) ရက်ကြာ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ဒီကနေ့မှာ အခြားဖမ်းဆီးခံရသူတွေနှင့်အတူ ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဆီယံဖိအားကြောင့် နိုင်ငံတဝှမ်းက ဆန္ဒဖော်ထုတ်မှုတွေမှာ ဖမ်းဆီးခံထားရသူ (၅၆၀၀) ကျော်ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို ပြန်လွှတ်ပေးတဲ့အထဲမှာ ဆန္ဒဖော်ထုတ်သူတွေအပြင် နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...