ကျိုက်ထိုက ဒေသခံသတင်းထောက် ကိုထက်မြက်သူ ဒီကနေ့ ပြန်လွတ်

ကျိုက်ထိုက ဒေသခံသတင်းထောက် ကိုထက်မြက်သူ ဒီကနေ့ ပြန်လွတ်

မတ်လ (၂၇) ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျိုက်ထိုဒေသခံသတင်းထောက် ကိုထက်မြက်သူဟာ ဒီကနေ့ အောက်တိုဘာလ (၁၉) ရက်နေ့မှာ သထုံအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ကိုထက်မြက်သူဟာ ကျိုက်ထိုမြို့က မတ်လ (၂၇) ရက်နေ့ ဆန္ဒဖော်ထုတ်မှုကို သတင်းရယူနေစဉ် သေနတ်နှင့်ပစ်ခတ်ခံရပြီး အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ရက်ပေါင်း (၂၀၆) ရက်ကြာ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ဒီကနေ့မှာ အခြားဖမ်းဆီးခံရသူတွေနှင့်အတူ ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဆီယံဖိအားကြောင့် နိုင်ငံတဝှမ်းက ဆန္ဒဖော်ထုတ်မှုတွေမှာ ဖမ်းဆီးခံထားရသူ (၅၆၀၀) ကျော်ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို ပြန်လွှတ်ပေးတဲ့အထဲမှာ ဆန္ဒဖော်ထုတ်သူတွေအပြင် နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။

Most read this week

December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...
December 8, 2025
အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့်...