အကြမ်းဖက်မှုဖြင့် ဖမ်းဆီးစွဲဆိုခံထားရသည့် တောင်ကုတ်ဒေသခံ ၃ ဦး လွတ်မြောက်

အကြမ်းဖက်မှုဖြင့် ဖမ်းဆီးစွဲဆိုခံထားရသည့် တောင်ကုတ်ဒေသခံ ၃ ဦး လွတ်မြောက်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရာစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ် လမူး၊ ကမာနှင့် ဆားပြင်ကျေးရွာ တို့မှ ဒေသခံ ၉ ဦးအနက် ၃ ဦးမှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

၎င်းတို့ ၃ ဦးအား စွဲဆိုထားသည့်အမှုကိုပိတ်သိမ်းလိုက်သဖြင့် သံတွဲအကျည်းထောင်မှ ပြန်လည်လွှတ်မြောက်လာခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူများကပြောသည်။

ယင်းသို့ လွတ်မြောက်လာသူသုံးဦးမှာ တောင်ကုတ်မြို့နယ် လမူးကျေးရွာမှ ဦးစံချစ်အောင်၊ လှသန်းမောင်နှင့် ကမာကျေးရွာမှ ကိုအောင်လွင်စိုးတို့ ဖြစ်ကြသည်။

၎င်းတို့မှာ သံတွဲအကျဉ်းထောင်တွင် တစ်နှစ်ကျော်နေထိုင်ခဲ့ရသည့်အတွက် အဖက်ဖက်မှနစ်နာမှုများရှိခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူ ဦးစံချစ်အောင်က ပြောသည်။

"ဝမ်းသာတယ်။ တစ်နှစ်ကျော်ဖမ်းဆီးခံခဲ့ရတော့ မိသားစုအတွက်၊ စီးပွားရေးအတွက် နစ်နာမှုတွေအများကြီးရှိတယ်။ ငရဲခန်းထဲကလို အဖြစ်မျိုးတွေလဲကြုံခဲ့ရတယ်" ဟု ၎င်းကဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့အား စစ်ကောင်စီမှ အမှုပိတ်သိမ်းပေးရာတွင် တောင်ကုတ်ဒေသခံ ၃ ဦးပါဝင်လာခြင်းဖြစ်သည်။

အမှုပိတ်သိမ်းပေးသည့်အထဲတွင် ရက္ခိုင့်တပ်တော် (AA) မှ အဖွဲ့ဝင်နှင့်ဆက်စပ်သူ ၆၁ ဦးအပါအဝင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ၂၃ ဦး၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC)) မှ တစ်ဦး၊ မြန်မာအမျိုးသားဒီမိုကရစ်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ တစ်ဦး၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ၁၂ ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ၅ ဦးနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ၁၁ ဦးတို့ပါဝင်ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ် လမူး၊ ကမာနှင့် ဆားပြင်ကျေးရွာတို့မှ ဒေသခံ ၉ ဦးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက်နေ့က စစ်တပ်က  နေအိမ်မှဝင်ရောက်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(စျ)၊ ၅၀(ည) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၉ ဦးထဲမှ ၃ ဦးသာ လွတ်မြောက်သေးသဖြင့် ကျန် ၆ ဦးကိုလည်း ပြန်လွှတ်ပေးရန် လွတ်မြောက်လာသူများက တောင်းဆိုသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်စပ်သည့်ဆိုသည့် သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများထဲမှ မလွတ်မြောက်သေးသူ လက်ရှိတွင် ၁၀၀ ကျော် ကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများစာရင်းများကိုကောက်ယူနေသည့် အဖွဲ့အစည်းများ၏စာရင်းအရ သိရသည်။

 
 

 

 

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...