မွန်ပြည်နယ်ထွက် သစ်သီးဝလံများ ဝယ်လိုအားနည်းနေသောကြောင့် အရှုံးနှင့်ရင်ဆိုင်နေရ

မွန်ပြည်နယ်ထွက် သစ်သီးဝလံများ ဝယ်လိုအားနည်းနေသောကြောင့် အရှုံးနှင့်ရင်ဆိုင်နေရ

မွန်ပြည်နယ်ထွက် သစ်သီးဝလံများ ဝယ်လိုအားနည်းနေသောကြောင့် အရှုံးနှင့်ရင်ဆိုင်နေရ

မွန်ပြည်နယ်မှထွက်ရှိသော ရာသီစာ သစ်သီးဝလံများသည် ပြည်တွင်းဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းနေသောကြောင့် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သစ်သီးဝလံ ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေထံက သိရသည်။

ဝယ်လိုအား ကျဆင်းနေသောကြောင့် သစ်သီးဝလံ စိုက်ပျိုးသည့် တောင်သူများသာမက အဝယ်ဒိုင်လုပ်ငန်းရှင်များလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ‌မော်လမြိုင်မြို့နယ်မှ ပြည်တွင်း/ပြည်ပ သစ်သီးဝလံ ရောင်းချတင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"မြို့ပေါ်အနေအထားနဲ့ ‌ဝယ်လိုအားအနေနဲ့ကြည့်ရင် နယ်ကလူတွေက မြို့ပေါ်မတက်လာကြဘူး။ ရောင်းလိုအားများပြီး ဝယ်လိုအား နည်းနေတယ်။ ထုတ်လုပ်တဲ့သူရော၊ ပေးပိူ့တဲ့သူရော ရောင်းချတဲ့သူရော၊ အားလုံးက အခက်အခဲရှိနေတယ်။ အားလုံးခြုံပြီးပြောရင်တော့ အရှုံးနဲ့ ရင်ဆိုင်နေရတယ်" ဟု ၎င်းကပြောသည်။

ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြို့ပေါ်သို့ လာရောက်ဝယ်ယူသူ သိသိသာသာနည်းပါးလာကြောင်း ၄င်းကဆက်ပြောသည်။

ပြည်တွင်းတင်ပို့မှုမှာလည်း လမ်းခရီးနှောင့်နှေးမှု၊ စက်သုံးဆီဈေး မြင့်တက်မှုများကြောင့် ငွေကုန်ကြေးကျများနေကြောင်း မုဒုံမြို့နယ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်မှ အဓိကထွက်ရှိသော သစ်သီးဝလံများကို မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချနေသော်လည်း ယခုအချိန်တွင် ပြည်တွင်းဝယ်ယူမှု လျော့ကျနေကြောင်း၊ ပြည်တွင်း သစ်သီးဝလံဈေးကွက် ယခင်အတိုင်း ပြန်လည်လည်ပတ်နိုင်မှသာ တောင်သူနှင့် လုပ်ငန်းရှင်များလည်း အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်မှ ထွက်ရှိသော ဒူးရင်း၊ ကျွဲကော်၊ မင်းဂွတ်၊ ကြက်မောက်၊ နာနတ်၊ ရေငန်းသီးစသည့် ရာသီထွက်သစ်သီးဝလံများကို မြန်မာနိုင်ငံအနှံ့သာမက ပြည်ပနိုင်ငံများဖြစ်သော တရုတ်နိုင်ငံသို့လည်း တင်ပို့နေကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်ငါးလုပ်ငန်းသည်လည်း အဓိကတင်ပို့နေရသည့် တရုပ်စျေးကွက်တွင် နယ်စပ်ဂိတ်များပိတ်ခြင်းနှင့် တင်းကြပ်လွန်းသည့်ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တို့ကြောင့် အရှုံးနှင့်ရင်ဆိုင်နေရကြောင်း ငါးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

Photo - ကျွဲကောပင်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...