ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်၊ နေအိမ်နှစ်လုံးမီးလောင်

ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်၊ နေအိမ်နှစ်လုံးမီးလောင်

ကရင်နီပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီး ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်ကျေးရွာက နေအိမ်နှစ်လုံးလည်း မီးလောင်သွားတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် (၆) မိုင်၊ ဘက်သလင်နဲ့ ဝမ်လထွားကျေးရွာဘက်မှာ မနက် ၈ နာရီခွဲအချိန်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်ကို KNDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးကျဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နေ့လည်ပိုင်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီး ဒေါခလိုက်လင်ကျေးရွာက လူနေအိမ်နှစ်လုံးကိုလည်း မီးရှို့သွားခဲ့တယ်လို့ ဒေသခံတစ်ဦးဆီက ပြောပါတယ်။

"ကျနော့်အထင်ပေါ့နော။ သူတို့အဲ့မှာ ရဲဘော်တွေ ကျသွားတာရှိတယ်။ အဲ့ဟာကို အစဖျောက်ပြီးတော့ သူများအိမ်ပစ်ထည့်ပြီးတော့ မီးရှို့လိုက်တာထင်တယ်။ ဒီရက် ၄ နာရီခွဲဝန်းကျင်လောက်မှာပဲ။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားဆောင်းမြို့နယ် နန်းမကုနဲ့ ပန်ပုကျေးရွာအကြားမှာလည်း ညနေ ၄ နာရီအချိန်မှာ စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် (KA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကျအဆုံးကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ယနေ့အချိန်အထိ ဒေသခံလူနေအိမ် ၃၂၇ လုံး ပျက်စီးဆုံးရှုံးသွားတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN) က ထုတ်ပြန်ထားပါတယ်။

 
 

 

 

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...