ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား မိုင်းဖောက်ခွဲခံရ

ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား မိုင်းဖောက်ခွဲခံရ

ရေးမြို့မှ ထားဝယ်သို့သွားရာကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား၌ ယနေ့မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ တံတားကွန်ကရစ်တိုင် အောက်ခြေပြတ်ထွက်သွားကြောင်း သတင်းရရှိသည်။

အဆိုပါ မိုင်းဖောက်ခံရမှုကြောင့် ပေ ၄၀ ရှိ တံတားပျက်စီးမှု တန်ဖိုးငွေ ကျပ်သိန်းတစ်ရာခန့် ဆုံးရှုံးခဲ့ရကြောင်း ရေးမြို့ အာဏာပိုင်အသိုင်းအဝိုင်းက ခန့်မှန်းပြောဆိုနေကြသည်။

“ရေးကနေအသွား ခေါဇာ ကဗျာဝသွားတဲ့ကားလမ်း ကလော့လမ်းခွဲအလွန် ရေး-ထားဝယ်ကားလမ်းပေါ်က ကလော့ချောင်းတံတားမှာ ၁၃း၁၅ နာရီလောက်မှာ မိုင်းကွဲတယ်၊ တံတားနည်းနည်းထိတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါတံတားပျက်စီးမှုကို သက်ဆိုင်ရာက ပြင်ဆင်မှုများ ချက်ချင်ပြင်ဆင်နေကြပြီး ယာဥ်အသွားအလာများ ခေတ္တရပ်နားထားရသည်ဟု ၄င်းကဆိုသည်။

ထားဝယ်ဘက်မှမောင်းနှင်လာသော FORLAND မော်တော်ယာဥ်အမှတ် 1Q-2059 ကလော့ကျေးရွာနေသူ ယာဥ်မောင်း ချစ်ဖြိုးဝေ (၂၄ နှစ်) လက်မောင်းတွင် ပေါက်ကွဲစထိမှန်ထိမှန်သော်လည်း ဒဏ်ရာမစိုးရိမ်ရ၊ မော်တော်ယာဥ် လေကာမှန်နှင့် အခြားပျက်စီးမှုတန်ဖိုးကျပ် ၈ သိန်းခန့်ရှိကြောင်း သိရသည်။

ရေးမြို့နယ်တွင် ယခင်လအတွင်း Mytel ဆက်သွယ်ရေးတာဝါတိုင်များ မကြာခဏမိုင်းခွဲခံရပြီး ယခုအခါ တံတားမိုင်းခွဲမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...