မုံးကိုးမြို့ စစ်ဗျူဟာကုန်းမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့

မုံးကိုးမြို့ စစ်ဗျူဟာကုန်းမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ရှိ စစ်ဗျူဟာကုန်းတွင် ယနေ့ နေ့လည်ခန့်က စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“မုံးကိုး ဗျူဟာကုန်း၊ မုံးကိုး အထကကျောင်း အနီးတဝိုက်မှာ မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ ခန့်ကစတင်ပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲ အပြင်းအထန်ဖြစ်တယ်။ ကျွန်တော်တို့လည်းကြောက်လို့ ထွက်မကြည့်ရဲဘူး" လို့ မုံးကိုးဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ကိုးကန့်တပ်ဘက်က လာရောက်ပစ်ခတ်တာဖြစ်တယ်လို့ သိရပါတယ်။

မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား နေရာအနှံ ထိတွေ့တိုက်ပွဲများ ပုံမှန်ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၈၀၀ ကျော်လည်း စစ်ပြေးနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်တာကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ၃ ဦး မိုင်းနင်းမိသေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...