မုံးကိုးမြို့ စစ်ဗျူဟာကုန်းမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့

မုံးကိုးမြို့ စစ်ဗျူဟာကုန်းမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့ရှိ စစ်ဗျူဟာကုန်းတွင် ယနေ့ နေ့လည်ခန့်က စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“မုံးကိုး ဗျူဟာကုန်း၊ မုံးကိုး အထကကျောင်း အနီးတဝိုက်မှာ မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ ခန့်ကစတင်ပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲ အပြင်းအထန်ဖြစ်တယ်။ ကျွန်တော်တို့လည်းကြောက်လို့ ထွက်မကြည့်ရဲဘူး" လို့ မုံးကိုးဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ကိုးကန့်တပ်ဘက်က လာရောက်ပစ်ခတ်တာဖြစ်တယ်လို့ သိရပါတယ်။

မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား နေရာအနှံ ထိတွေ့တိုက်ပွဲများ ပုံမှန်ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၈၀၀ ကျော်လည်း စစ်ပြေးနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်တာကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ၃ ဦး မိုင်းနင်းမိသေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...