ကြက်စာစျေးတက်ပြီး ကြက်ဥစျေးမရ၍ ကြက်မွေးမြူသူများ အရှုံးပေါ်

ကြက်စာစျေးတက်ပြီး ကြက်ဥစျေးမရ၍ ကြက်မွေးမြူသူများ အရှုံးပေါ်

ရခိုင်ပြည်နယ်အတွင်းက ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများမှာ ကြက်စာစျေးနှုန်းတက်ပြီး ကြက်ဥစျေးမရသဖြင့် အရှုံးပေါ်နေကြကြောင်း သိရသည်။

ယခင်နိုင်ငံရေးအခြေအနေတည်ငြိမ်သည့်အချိန်က ကြက်စာတစ်အိတ်ကို တစ်သောင်းသုံးထောင်ခန့်ပေးဝယ်ရပြီး လက်ရှိတွင် နှစ်သောင်းကျော်အထိပေးဝယ်နေရကြာင်း စစ်တွေမြို့နယ်၊ ကျေးတောရွာမကျေးရွာမှ ကြက်မွေးမြူရေးလုပ်ကိုင်သူ ဒေါ်ဦးခင်သန်းက ပြောသည်။

“အရင်ကဆိုရင် ကိုယ့်အတွက်အမြတ်ထွက်တယ်။ အခုက ကြက်စာစျေးနှုန်းတွေတက်နေတော့ ဘယ်လိုမှ အမြတ်မထွက်တော့ဘူး။ ကြက်ပေါက်စလေးတွေကို ရန်ကုန်ကဝယ်ရတယ်။ ပြီးရင် အဲဒါကိုမီးကင်ပြီး လခွဲလောက်မွေးရတယ်။ ပြီးရင် သူတို့ကို လေးလလောက်ထားရတယ်။ အဲဒီအတွင်း ကြက်ဥတွေဥတယ်ပေါ့။ ပြီးမှရောင်းလို့ရတာ။ အဲဒီလေးလမှာ ကြက်စာပေးရတာ စျေးအရမ်းတက်နေတော့အဆင်မပြေဘူး” ဟု DMG သို့ပြောသည်။

ယခင်က ကြက်ဥတစ်လုံးကို ငွေကျပ် ၁၂၀ ရရှိခဲ့ပြီး လက်ရှိမှာ ပြည်မဘက်မှ ကြက်ဥဝင်ရောက်မှုများလာသည့်အတွက် လက်ရှိကြက်ဥတစ်လုံးကို ငွေကျပ် ၉၀ ကျော်သာရရှိကြကြောင်း စစ်တွေမြို့နယ်အတွင်းမှ ကြက်မွေးမြူရေးလုပ်ကိုင်သူများက ပြောသည်။

ကြက်အကောင် ၅၀၀ အတွက် တစ်လအစာစရိတ်မှာ ယခင်က ငွေကျပ် ၇ သိန်းခန့်ကုန်ကျပြီး ယခုအခါကြက်စာစျေးနှုန်းမြင့်တက်နေခြင်းကြောင့် ငွေကျပ် ၁၀ သိန်းခန့်ကုန်ကျသည်ဟု စစ်တေမြို့နယ်မှ ကြက်မွေးမြူရေးလုပ်ကိုင်သူ ဦးမောင်စံလင်းကပြောသည်။

“အခုဆိုရင် ဆယ်သိန်းလောက်ကုန်တယ်။ တစ်လကို ဆယ်သိန်းဆိုတော့ ကြက်တွေကို လေးလအထိမွေးထားရတော့ သိန်းလေးဆယ်လောက်ကုန်တာပေါ့။ ကြက်တွေကို ရောင်းချိန်ရောက်လို့ ရောင်းရင်တောင် အခုအခြေနေနဲ့ဆိုရင် အဲဒီသိန်းလေးဆယ်က မရနိုင်တော့ဘူး။ ဒီအတိုင်းသာဆက်သွားနေရင် ကြက်မွေးမြူရေးလုပ်ငန်းဆက်လုပ်ဖို့ အများကြီးအခက်ခဲဖြစ်သွားနိုင်တယ်” ဟု ၄င်းက DMG သို့ပြောသည်။

ယခင်က ကြက်တစ်ကောင်ကို ငွေကျပ် ၇၀၀၀ ကျော်ရရှိခဲ့ကာ ယခုဆိုလျှင်ငွေကျပ် ၅၀၀၀ ခန့်သာရရှိပြီး ရောင်းမထွက်ကြောင်းလည်း ကြက်မွေးမြူသူများကဆိုသည်။

ပြီးခဲ့သည့်နှစ်က ကြက်အကောင်ရေ ၂၀၀၀ ဝန်းကျင်မွေးမြူခဲ့သော်လည်း ယခုနှစ်အတွင်း ကြက်စာစျေးနှုန်းတက်ခြင်း၊ တခြား ကုန်ပစ္စည်းများလည်းစျေးတက်သည့်အတွက် ကြက်အကောင်ရေ ၁၀၀၀ ခန့်သာ မွေးမြူတော့ကြောင်း ကြက်မွေးမြူရေးလုပ်ကိုင်သူ ဦးကျော်သန်းကပြောသည်။

ကြက်စာစျေးနှုန်းမြင့်တက်ရခြင်းမှာ မြန်မာနိုင်ငံအတွင်း ဒေါ်လာစျေး ထိုးတက်လာနေခြင်းကြောင့်ဖြစ်သည်ဟု စစ်တွေမြို့မှ ကြက်စာရောင်းသည့်ကိုယ်စားလှယ် ဦးမိုးချေကပြောသည်။

ထိုကဲ့သို့ ကြက်စာစျေးနှုန်းမြင့်တက်နေသည့်အတွက် အချို့ကြက်မွေးမြူရေးပိုင်ရှင်များမှာ လုပ်ငန်းအားယာယီရပ်တန့်ထားခြင်းများရှိကြောင်းလည်း သိရသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...