မုံးကိုးမှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

မုံးကိုးမှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့အကြား နေရာအများအပြားမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။

"နေ့ရော ညပါ အဆက်မပြတ် တိုက်ပွဲ ဖြစ်နေတယ်။ ဒီနေ့တော့ ဖောင်းဆိုင်ဘက် တိုက်ပွဲ ပြင်းထန်နေတယ်" လို့ ဖောင်းဆိုင်ဒေသခံ ၁ ဦး က ပြောပါတယ်။

အောက်တိုဘာလ ၉၊ ၁၀၊ ၁၁ ရက်နေ့‌တွေမှာလည်း ကောင်းလုံအောက် ကောင်းဒပ်အနီးတဝိုက်မှာ နေ့တိုင်းနီးပါး လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေကြတာကြောင့် ဒေသခံတွေ ကောက်ရိတ်သိမ်းချိန် မကြာခဏ ထွက်ပြေးနေရတယ်လို့ ဖောင်းဆိုင်ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က မုံးကိုးမှာ စစ်ကောင်စီတပ်ဖက်က  MNDAA တပ်ဖွဲ့ကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မုံးကိုးဘက်ကနေ ပန်ဆေးဖက်ကို စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် ပန်ဆိုင်း၊ မုံးကိုးနဲ့ ဖောင်းဆိုင်းဒေသတို့မှာ စစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော်ရှိနေပြီး လက်နက်ကြီးထိမှန် သေဆုံးသူ ၇ ဦး၊ ပြင်းထန်ဒဏ်ရာရသူ ၁ ဦး၊ စစ်ကောင်စီရဲ့ မိုင်းနင်းမိသေဆုံးသူ ၃ ဦးနဲ့ ပြင်းထန်ဒဏ်ရာရသူ ၁ ဦး ရှိပြီဖြစ်ပါတယ်။

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...