ရခိုင်တွင် ကိုဗစ်ကူးစက်မှု ၅ ရာခိုင်နှုန်းအောက်ရောက်နေပြီဖြစ်သဖြင့် စာသင်ကျောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကိုဖွင့်ရန် အသင့်ပြင်ထားဟုဆို

ရခိုင်တွင် ကိုဗစ်ကူးစက်မှု ၅ ရာခိုင်နှုန်းအောက်ရောက်နေပြီဖြစ်သဖြင့် စာသင်ကျောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကိုဖွင့်ရန် အသင့်ပြင်ထားဟုဆို

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက် ရောက်ရှိနေပြီဖြစ်သဖြင့် စာသင်ကျောင်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကိုဖွင့်ရန် အသင့်ပြင်ထားကြောင်း ပြည်နယ်စစ်ကောင်စီက ပြောသည်။

သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ကူးစက်မှုမှာ ၅ ရာခိုင်နှုန်းအောက် လျော့ကျခြင်းမရှိသေးကြောင်း အောက်တိုဘာ ၈ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက  ပြောသည်။

"အခုအခြေအနေက ပြည်ထောင်စုအဆင့်မှာ ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျနော်တို့ရခိုင်ပြည်က ၅ ရာခိုင်နှုန်းအောက်ရောက်နေပါပြီ။ ဖွင့်မယ်ဆိုရင်အကုန်လုံးဖွင့်လို့ရအောင် အဆင်သင့်လုပ်ပြီးသားရှိပါတယ်။ ပြည်ထောင်စုက ဖွင့်ခွင့်စာကျရင် ကုန်သည်တွေကိုလည်းအသိပေးပြီး နယ်စပ်ကုန်သွယ်ရေး စခန်းကိုလည်း တစ်ပတ် ၁၀ ရက်အတွင်းဖွင့်သွားမယ်" ဟု ဦးလှသိန်းက ဆိုသည်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကုန်စည်ကူးသန်းမှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ကိုဗစ်ကြောင့် ယာယီပိတ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၄၉၃၄ ဦးအထိရှိပြီး ယင်းအထဲမှသေဆုံးသူ ၄၇၈ ဦးအထိရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏ အောက်တိုဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် ဆေးကုသမှုခံယူနေရသည့် ကိုဗစ်အတည်ပြုလူနာ ၆၈ ဦးသာကျန်ရှိတော့ကြောင်း သိရသည်။

ရခိုင်မှ နယ်စပ်ကုန်သွယ်ရေးစခန်းများကို ဖွင့်လှစ်ရန် အကြိုလုပ်ငန်းများလုပ်ဆောင်ထားခြင်း၊ ကျန်းမာရေးဌာန၏ သဘောထားကိုလည်း တောင်းခံထားပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောသည်။

သို့သော် နယ်စပ်ကုန်သွယ်ရေးစခန်းများအားပြန်ဖွင့်ရန် စစ်ငေ်စီဗဟိုသို့ တင်ပြထားသော်လည်း တစုံတစ်ရာအကြောင်းမပြန်သေးကြောင်း သိရသည်။

ကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းမျာကို ယာယီပိတ်ထားခြင်းကြောင့် ကုန်တင်၊ကုန်ချအလုပ်သမားများမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေကြပြီး စီးပွားရေးလုပ်ငန်းရှင်များမှာလည်း ထိခိုက်နစ်နာမှုများရှိနေကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းကလည်း ကိုဗစ်ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယာယီပိတ်ခဲ့ရပြီး စီးပွားရေးပြန်လည်လည်ပတ်စေရန်အတွက် ဧပြီလ ၁၃ ရက်နေ့ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းနည်းတူ မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုကြောင့် ဇူလိုင်လ ၉ ရက်နေ့မှ ယနေ့အထိ စာသင်ကျောင်းများကို ယာယီပိတ်ထားရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်ဖြစ်ပွားမှုများကြောင့် စာသင်ကျောင်းများကို တစ်နှစ်ပတ်လုံး ပိတ်ထားခဲ့ရသည်။

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...