၂၀၁၅ ခုနှစ်ကနေ အကောင်အထည်မပေါ်နိုင်သေးသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ပြန်လည်အသက်သွင်းနေဟု ပြည်နယ်စစ်ကောင်စီပြော

၂၀၁၅ ခုနှစ်ကနေ အကောင်အထည်မပေါ်နိုင်သေးသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ပြန်လည်အသက်သွင်းနေဟု ပြည်နယ်စစ်ကောင်စီပြော

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တည်ဆောက်မည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဦးစားပေးဆောင်ရွက်နေကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အကောင်အထည်ဖော်ခွင့်နှင့် ဆောင်ရွက်ခွင့်ရရှိရေးအတွက်တင်ပြထားသည်ဟု အောက်တိုဘာလ ၈ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးလှသိန်းက ပြောဆိုသည်။

"ဒေသတွေမှာ စက်ရုံတွေ၊ အလုပ်ရုံတွေပေါ်လာပြီးတော့ လူတွေအလုပ်ရဖို့၊ ဒေသဖွံ့ဖြိုးတာက အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်" ဟု ၄င်းကဆိုသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သည်။

ယင်းစက်မှုဇုန်တည်ဆောက်ရန် ရခိုင်ပြည်နယ်ဒေသအသီးသီးမှ ကုမ္ပဏီ ၁၇ ခုဖြင့်ဖွဲ့စည်းထားသည့် မြန်မာ့ကျောက်ဖြူအထူးစီးပွားရေးဇုန်ကုမ္ပဏီ (MKSH) နှင့် နားလည်မှုစာချွန်လွှာကိုလည်း ရေးထိုးခဲ့ကြသည်။

သို့သော် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အကောင်အထည်မဖော်နိုင်ခဲ့သည့်အတွက် NLD အစိုးရတက်လာပြီးနောက် ဒုတိယအကြိမ် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ပြန်သည်။ ထိုသို့ကြိုးပမ်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်မရှိဟုဆိုကာ အကောင်အထည်မပေါ်နိုင်ခဲ့ပေ။

ယင်းသို့ အစိုးရနှစ်ဆက်ကြိုးပမ်းခဲ့သော်လည်း အကောင်အထည်ပေါ်မလာသေးသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ယခုစစ်ကောင်စီလက်ထက်တွင် ပြန်လည်အသက်သွင်းမည်ဟု ဆိုလာပြန်သည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၊ အထည်ချုပ်စက်ရုံများတွင် ရခိုင်ပြည်နယ်အတွင်းမှ အမျိုးသမီးရာခိုင်နှုန်းအများအပြား လုပ်ကိုင်ခဲ့ကြသော်လည်း လက်ရှိတွင်စက်ရုံများ ရပ်နားထား၍ ဒေသခံများအတွက် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အသက်သွင်းနေရခြင်းဖြစ်သည်ဟု ဦးလှသိန်းကဆိုသည်။

"ကျနော်တို့မှာ လူသားအရင်းအမြစ်ရှိတယ်။ အထည်ချုပ်စက်ရုံ တစ်ခုလုပ်နိုင်ခဲ့ရင်ကောင်းမယ်။ လုပ်မယ့်သူရှိသလားဆိုတော့ တချို့ရင်းနှီးမြှပ်နှံချင်တဲ့လူရှိတယ်လို့ကြားရတဲ့အတွက် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အသက်သွင်းနေကြတယ်" ဟု ၎င်းကပြောသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းတွင် တယ်လီဖုန်းဆက်စပ်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ အထည်ချုပ်လုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ လယ်ယာသုံးပစ္စည်းစက်ရုံနှင့် ဆေးဝါးထုတ်လုပ်သည့်စက်ရုံတို့ တည်ဆောက်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...