ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်ချမှတ်

ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်ချမှတ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ) အတွက် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်ကြောင်း ရှေ့နေထံမှ သိရသည်။

ဦးညီပုအား ဗွီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့် ယနေ့ရုံးထုတ်ပြီး တရားရုံးက အမိန်ချမှတ်လိုက်ကြောင်း Thazin Legal Insitute မှ တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းကပြောသည်။

“ဒီနေ့မှာ သူ့ကိုစွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ စစ်တွေမြို့နယ်တရားရုံးရဲ့တရားသူကြီးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်” ဟု ဦးငြိမ်းချမ်းကပြောသည်။

နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂ ရက်အကြာတွင် ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ဖြင့်ထားရှိခဲ့သည်။

ယင်းနောက် ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ပြည်သူသို့ပြန်ကြားချက် ဗွီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဖော်ပြခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် စစ်တပ်မှ ဦးညီပုကို ထပ်မံဖမ်းဆီးခဲ့သည်။

စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ) ဖြင့် ဦးညီပုကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့သည်။

ယင်းသို့ဖမ်းဆီးခံရချိန်မှ ယနေ့ထိတိုင် ရှေ့နေများနှင့် လူချင်းတွေ့ခွင့်မရသေးသသို မိသားစုဝင်များနှင့်ပါ တွေ့ခွင့်မရသေးဘဲ (၈) လခန့်ကြာမြင့်ခဲ့ပြီးမှ ယင်းသို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးညီပုအမှုနှင့်ပတ်သက်၍ အယူခံတက်၊ မတက်ကို ၄င်းနှင့်လူချင်းတွေ့ဆုံပြီးမှ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးငြိမ်းချမ်းကပြောသည်။

“ဆက်ပြီးအယူခံတက်ဖို့ မတက်ဖို့ကတော့ ဦးညီပုနဲ့တွေ့ပြီးမှဘဲ ပြောရမှာဖြစ်တယ်။ သူ့ကိုစွဲထားတဲ့ အဂတိအမှုမှာတော့ လူကိုယ်တိုင်ရုံးထုတ်တယ်။ အဲဒီအခါတွေ့ဆုံပြီးမှ တုန့်ပြန်ရမှာဖြစ်တယ်” ဟု ၄င်းကပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်အညိုပျက်စေမှုအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ခုနှင့်လည်း တရားစွဲဆိုထားသည်။

ယင်းအဂတိအမှုတွင် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့လည်း ပါဝင်ကြသည်။

 
 

 

 

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...