ရွှေစျေးမတည်ငြိမ်သည့်အခြေအနေကြောင့် ရွှေရောင်းအားများပြီး ဝယ်လိုအားနည်းပါးနေ

ရွှေစျေးမတည်ငြိမ်သည့်အခြေအနေကြောင့် ရွှေရောင်းအားများပြီး ဝယ်လိုအားနည်းပါးနေ

ရွှေစျေးမတည်ငြိမ်သည့်အခြေအနေကြောင့် အရောင်းအဝယ်ပိုင်းတွင် ရောင်းလိုအားများနေပြီး ဝယ်လိုအားနည်းပါးနေကြောင်း ရွှေဆိုင်များထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့က ပြည်တွင်းတွင် ရွှေတစ်ကျပ်သားကို ငွေကျပ်ဆယ့်ရှစ်သိန်းရှစ်သောင်းအထိ စျေးကျသွားကာ ယနေ့ (အောက်တိုဘာလ ၆ ရက်) နေ့တွင် ပြည်တွင်းရွှေတစ်ကျပ်သားကို ငွေကျပ်ဆယ့်ကိုးသိန်းရှစ်သောင်းခွဲအထိ ပြန်လည်မြင့်တက်လာခဲ့သည်။

“အရောင်းအဝယ်က ဘယ်လိုပြောရမလဲ၊ လူတွေလည်း သိမ်မရောက်ပါဘူး။ ရောင်းဖို့ဝယ်ဖို့ကလည်း၊ ရွှေစျေးက တရက်မှာကျရင်လည်း သိန်းဂဏန်းနဲ့ကျတယ်။ တက်ရင်လည်း သိန်းဂဏန်းတက်တော့ အရောင်းအဝယ်မဖြစ်ပါဘူး” ဟု မြင့်ရတနာရွှေဆိုင်မှ ကိုညဏ်ထွန်းအောင်ကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့က ပြည်တွင်းတွင် ရွှေတစ်ကျပ်သားကို ငွေကျပ်နှစ်ဆယ့်နှစ်သောင်းအထိ စျေးတက်ခဲ့သည်။

“အရောင်းအဝယ်ပိုင်းက ငွေလည်း တော်တော်လေးကျပ်ပါတယ်။ ဘဏ်ကလည်း ငွေတွေထုတ်မရဘူး။ ရောင်းလာတာတွေများလာပါတယ်။ ဝယ်တဲ့လူတွေက စျေးထပ်ကျမှာကို စောင့်တယ်။ အဲဒါကြောင်း ရောင်းတဲ့လူတွေများပါတယ်” ဟု သိဒ္ဓိအောင်ရွှေဆိုင်မှ ကိုမျိုးမျိုုးက ပြောသည်။

ယခင်က အရောင်းအဝယ်မျှသည့် အနေအထားကြောင့် ရန်ကုန်သို့ ရွှေများပို့ရသည့်အခြေအနေမရှိခဲ့သော်လည်း လက်ရှိတွင် ရန်ကုန်သို့တင်ပို့ရသည့် အခြေအနေဖြစ်နေကြောင်း ကိုမျိုးမျိုးက ဆက်ပြောသည်။

“အရင်ကဆိုရင် ကျနော်တို့မှာက အရောင်းနဲ့အဝယ်မျှတယ်။ ရန်ကုန်ကို ကျနော်တို့ဆီကရွှေပို့စရာမလိုဘူး။ အခုက ရောင်းတဲ့လူတွေ တော်တော်များပြီးတော့ ဝယ်တဲ့လူတွေနည်းတဲ့အခါကျတော့ ရောင်းတဲ့လူ ၁၀ ယောက်ရောက်လို့ ဝယ်တဲ့လူတယောက် မရောက်ဘူးပေါ့။ အခုကဆိုတော့ ကျနော်တို့က ရန်ကုန်ကို ပြန်ပြီးတော့ပို့ရတယ်။ ကုန်ကြမ်းပို့ပြီးတော့ ပြန်ပြီးကုန်ချောလုပ်တယ်။ အဲဒါတွေမှာ အချိန်ပေးရတယ်။ ငွေအတွက်နောက်ကျတယ်။ အဲဒီလိုပေါ့ အခက်အခဲတွေ အများကြီးရှိပါတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလက ပြည်တွင်းတွင် ရွှေ ၁ ကျပ်သားကို ကျပ်နှစ်ဆယ့်နှစ်သိန်းနှစ်သောင်းအထိ စံချိန်တင်စျေးနှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာကို ၂၇၀၀ အထိ စျေးမြင့်တက်ခဲ့သည်။

(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...