နမ့်ခမ်းမြို့နယ် ဗုံးပေါက်မှုဖြစ် အရပ်သားတစ်ဦးသေဆုံး

နမ့်ခမ်းမြို့နယ် ဗုံးပေါက်မှုဖြစ် အရပ်သားတစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဝမ်းဟောင်း (မန့်ဟောင်း) ကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတဦးသေဆုံးခဲ့ကြောင်း ကနဦးသိရှိရသည်။

ယနေ့ (အောက်တိုဘာ ၅ ) ရက် ည ၇ နာရီဝန်းကျင်တွင် ဝမ်းဟောင်းကျေးရွာ ဘောလုံးကွင်းတွင် ဗုံး (၂) လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သားတဦးသေဆုံးသွားကြောင်း သိရသည်။

”ဘော်လုံးကွင်းနားပေါက်တာလို့ပြောတယ်။ တချို့ကတော့ Mytel တာဝါတိုင်လို့ပြောတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူရှိမရှိတော့ မသိဘူး။ တယောက်တော့သေသွားပြီ” ဟု နမ့်ခမ်းမြို့ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဗုံးပေါက်ကွဲမှုသည် လွန်စွာကျယ်လွန်သောကြောင့် ယခုချိန်ထိ သေဆုံးသွားသည့်သူသည် မည်သူဖြစ်သည်ကို အသေးစိတ်မသိရှိရသေးကြောင်း ဒေသခံကပြောသည်။

”အသံက ၂ ချက်ကြားတာ အရမ်းကျယ်တယ်။ ကျနော်တို့နေတဲ့နေရာထိတောင်ကြားတယ်။ သေတဲ့သူက ဘယ်သူလဲတော့ သေချာမသိရသေးဘူး။ အခုက ဘယ်သူမှ မနီးနားကို မသွားရဲသေးဘူး။ ထိခိုက်ဒဏ်ရာရသူတဦးရှိတယ်လို့လည်းပြောတယ်” ဟု နမ့်ခမ်းမြို့ ဒေသခံတဦးက ပြောသည်။

ထိုသို့ ဗုံပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ဒေသခံပြည်သူများက စိုးရိမ်နေကြရကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...