နမ့်ခမ်းမြို့နယ် ဗုံးပေါက်မှုဖြစ် အရပ်သားတစ်ဦးသေဆုံး

နမ့်ခမ်းမြို့နယ် ဗုံးပေါက်မှုဖြစ် အရပ်သားတစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဝမ်းဟောင်း (မန့်ဟောင်း) ကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတဦးသေဆုံးခဲ့ကြောင်း ကနဦးသိရှိရသည်။

ယနေ့ (အောက်တိုဘာ ၅ ) ရက် ည ၇ နာရီဝန်းကျင်တွင် ဝမ်းဟောင်းကျေးရွာ ဘောလုံးကွင်းတွင် ဗုံး (၂) လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သားတဦးသေဆုံးသွားကြောင်း သိရသည်။

”ဘော်လုံးကွင်းနားပေါက်တာလို့ပြောတယ်။ တချို့ကတော့ Mytel တာဝါတိုင်လို့ပြောတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူရှိမရှိတော့ မသိဘူး။ တယောက်တော့သေသွားပြီ” ဟု နမ့်ခမ်းမြို့ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဗုံးပေါက်ကွဲမှုသည် လွန်စွာကျယ်လွန်သောကြောင့် ယခုချိန်ထိ သေဆုံးသွားသည့်သူသည် မည်သူဖြစ်သည်ကို အသေးစိတ်မသိရှိရသေးကြောင်း ဒေသခံကပြောသည်။

”အသံက ၂ ချက်ကြားတာ အရမ်းကျယ်တယ်။ ကျနော်တို့နေတဲ့နေရာထိတောင်ကြားတယ်။ သေတဲ့သူက ဘယ်သူလဲတော့ သေချာမသိရသေးဘူး။ အခုက ဘယ်သူမှ မနီးနားကို မသွားရဲသေးဘူး။ ထိခိုက်ဒဏ်ရာရသူတဦးရှိတယ်လို့လည်းပြောတယ်” ဟု နမ့်ခမ်းမြို့ ဒေသခံတဦးက ပြောသည်။

ထိုသို့ ဗုံပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ဒေသခံပြည်သူများက စိုးရိမ်နေကြရကြောင်း သိရသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...