ဖလမ်းမြို့ကို နေရပ်ပြန်လာကြမယ့်သူတွေကို မနှောင့်ယှက်ကြဖို့ ထုတ်ပြန်

ဖလမ်းမြို့ကို နေရပ်ပြန်လာကြမယ့်သူတွေကို မနှောင့်ယှက်ကြဖို့ ထုတ်ပြန်

ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့  နေရပ်ပြန်လာကြမယ့် သူတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ မနှောင့်ယှက်ကြဖို့ ဖလမ်းငြိမ်းချမ်းရေးကော်မတီ ( Falam Remdaihnak Committee) က မေတ္တာရပ်ခံ  ထုတ်ပြန်လာတာတွေ့ရပါတယ်။

ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်းကနေ တခြားဒေသကို ထွက်ပြေးတိမ်းရှောင်နေရသူတွေအနေဖြင့်လည်း ကိုယ့်အိမ်ကိုယ့်ဒေသကို ပြန်ရတဲ့နေ့ ရောက်လာမှာဖြစ်ပြီး အဲဒီချိန် ပြည်သူအချင်းအချင်းကြား ကိုယ့်ရပ်တည်ချက်နှင့် အမြင်မတူညီမှုတွေကြောင့် မုန်းတီးတာတွေ ၊ ရန်လိုတာတွေ အထင်မြင် လွဲမှားတာတွေ ရှိနိုင်တာကြောင့် ဖလမ်းငြိမ်းချမ်းရေးကော်မတီအနေဖြင့် ဘုရားသခင် နာမတော်ကို အမှီပြုပြီး လိုက်နာရမယ့် အချက် ၆ ချက် ကို ထုတ်ပြန် ဖော်ပြထားတာတွေ့ရပါတယ်။

အဲဒီထုတ်ပြန်ချက်တွေထဲမှာ  CDM နဲ့ Non – CDM တွေအကြား ရန်ငြိုးမထားဘဲ အပြန်အလှန် နားလည်မှု ရှိရှိဖြင့် ပြန်လည်နေထိုင်ကြရန်၊ တော်လှန်ရေးကြောင့် အမြင်မတူညီမှုတွေကို နားလည်မပေးနိုင်ကြဘဲ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် တိုက်ခိုက်တာတွေ မလုပ်ဖို့ ၊ နေရပ်ဒေသကို စောပြီး အိမ်ပြန်သူတွေရှိမှာဖြစ်လို့ ၎င်းတို့ အနေဖြင့်လည်း မိမိ အိမ်နီးချင်းတွေရဲ့ ပစ္စည်းဥစ္စာနှင့် အိုးအိမ်တွေကို ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးဖို့ နဲ့ ဖလမ်းမြို့နဲ့ မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းပြည်ပ နေထိုင်သူကြတဲ့ ဖလမ်းဒေသက ပြည်သူတွေအနေနဲ့လည်း စိတ်ဝမ်းတညီတညွတ်ဖြင့် အိမ်ပြန်ကြစို့ လို့ ဖလမ်းငြိမ်းချမ်းရေးကော်မတီက မေတ္တာရပ်ခံ ထုတ်ပြန်ထားပါတယ်။

ချင်းလက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို စစ်ကောင်စီက အင်အားထောင်ကျော်ဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာ ဖလမ်းမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် အခုလို ဖလမ်းငြိမ်းချမ်းရေးကော်မတီဘက်က ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...