မိုးမောက် မြို့သစ်ကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်ပြီး ၃ စီး ပျက်စီးသွား

မိုးမောက် မြို့သစ်ကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်ပြီး ၃ စီး ပျက်စီးသွား

မိုးမောက်မြို့နယ် ဒါ့ဆိုင်းကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၃ စီးပျက်စီးသွားသည်ဟု သိရသည်။

ယနေ့နံနက် ၉ နာရီခွဲဝန်းကျင်ခန့်တွင် ဗန်းမော်ဘက်မှ တက်လာသည့် စစ်ကား ၁၆ စီးပါသော စစ်ယာဉ်တန်းကို မြို့သစ်ကျေးရွာမရောက်မှီ ဒါ့ဆိုင်းကျေးရွာအနီးတွင် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု မြို့သစ်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲဖြစ်တဲ့နေရာက ကားလမ်မကြီး နားမှာဘဲ။ နောင်လိုက်ကျေးရွာကျော်သွားပြီး တာဆိုင်းရွာအဝင်နားမှာပေါ့။ တိုက်ပွဲဖြစ်တာက ခဏဘဲလို့ကြားတာ။ စစ်ကောင်စီဘက်ကနေ KIA ကိုပြန်ပြီး လက်နက်ကြီးတွေနဲ့ပြန်ပစ်တာက ၁နာရီလောက်ကြာတယ်။ စစ်ကား ၃ စီးလောက်က တော်တော်ထိသွားတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က စစ်ကား ၃ စီးထက်မနည်း ထိခိုက်ပျက်စီးသွားသည်ဟု ပြောဆိုမှုများရှိနေသလို ဒေသခံတစ်ချို့က ၅ စီး ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုများသည်ဟုလည်း ဆိုကြသည်။

တိုက်ခိုက်ခံရသော စစ်ယာဉ်တန်းမှာ ဒါ့ဆိုင်းကျေးရွာအခြေစိုက် ခလရ ၂၃၇ တပ်ရင်းအတွင်းသို့ ဝင်ရောက်ကြိုးစားနေသောအဖွဲ့ဖြစ်ပြီး လွန်ခဲ့သည့် မေလအတွင်း မြို့သစ်တိုက်ပွဲကြောင့် ထွက်ပြေးသွားသော တပ်မိသားစုဝင်များဖြစ်သည်ဟု သိရသည်။

ဒါ့ဆိုင်းကျေးရွာမှာ အလော့ဘွမ်တောင်ခြေ စလောင်းကုန်း တာဝါတိုင်စခန်းဟု လူသိများသောတပ်ရှိရာ မြို့သစ်ကျေးရွာနှင့် နီးကပ်သော ကျေးရွာဖြစ်သည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...