လီဒိုလမ်းမပေါ် ပြည်သူ ၂ ဦး ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံရ

လီဒိုလမ်းမပေါ် ပြည်သူ ၂ ဦး ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံရ

ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးတွင် စစ်တပ်ဂိတ်အနီးဖြတ်သွားသော ပြည်သူ ၂ ဦးကို စစ်ကောင်စီက သေနတ်ဖြင့် လိုက်လံပစ်ခတ်သောကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးကို သေနတ်ဒဏ်ရာဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

စက်တင်ဘာလ ၂၈ ရက် ယမန်နေ့ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်က ဒွမ်ဘုန်းကျေးရွာဘက်မှ လဝါးကျေးရွာအဝင် ဆိုင်လင်းချောင်းတံတား (Sai Ling Hka) ပေါ်တွင် တပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်သားများက ဆိုင်ကယ်ဖြင့်ဖြတ်လာသည့် ပြည်သူ ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု လဝါးဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အဲ့တံတားပေါ်ရှိနေတဲ့ စစ်သားတွေက ဆိုင်ကယ်နဲ့စီးလာတဲ့ ၂ ယောက်ကို ရပ်ခိုင်းတာတဲ့။ အဲ့ ၂ ယောက်က ဘာလို့မရပ်ပေးတာတော့ ကျနော်တို့လည်းမသိဘူး။ မရပ်ပေးတော့ နောက်ကနေ စစ်သားတွေက သေနတ်နဲ့ ပစ်လိုက်တယ်လို့ကြားတဲ့။ နောက်မှာစီးတဲ့ သူက အဲ့နေရာမှာဘဲ လှဲကျပြီး သေဆုံးသွားတယ်လို့ ကြားတယ်။ ရှေ့မှာမောင်းတဲ့သူရဲ့ လက်ဖက်မှာ သေနတ်ဒဏ်ရာ ၂ နေရာရထားတယ်” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်၏ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိကာ အဖမ်းခံရသူမှာ အမျိုးသမီးဖြစ်သည်။

သေနတ် ဒဏ်ရာရရှိထားသည့် အမျိုးသမီးကို လက်ရှိ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးရုံတွင် ဆေးကုသပေးမည်ဟု ပြောဆိုကာ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း လဝါးဒေသခံတစ်ဦးထံမှ သိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းမှ အဆိုပါ လဝါးကျေးရွာအဝင် ဆိုင်လင်းချောင်းတံတားပေါ်တွင် အာဏာသိမ်းစစ်တပ်အဖွဲ့က စခန်းချပြီး လုံခြုံရေးခေါင်းစဉ်ဖြင့် သွားလာဖြတ်လာသန်းသည့် ခရီးသွားပြည်သူများကို စစ်ဆေးရေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် လဝါးကျေးရွာနှင့် ခွမ်ဆိုင်ယန်ကျေးရွာ ၂ ခု၏ ကျေးရွာအတွင်းအပြင် နေရာများတွင် အာဏာသိမ်းစစ်တပ်အဖွဲ့ အင်အား ၂၀၀ ကျော်ခန့် တပ်စွဲနေရာယူထားသည်မှာ ၁ ပတ်ခန့်ကြာမြင့်လာပြီဖြစ်သည်။

ထို့ကြောင့် ခွမ်ဆိုင်ယန် ဒေသခံအိမ်ခြေ ၁၅၀ ခန့်မှာ တိုက်ပွဲဖြစ်ပွားလာလျှင် ထိခိုက်မှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် လဝါးကျေးရွာဘက်သို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိနေကြောင်း သိရသည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...