စစ်ကောင်စီမိုင်းကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး နင်းမိသေဆုံး

စစ်ကောင်စီမိုင်းကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး နင်းမိသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီထောင်ထားတဲ့မိုင်း ဒေသခံတစ်ဦးနင်းမိကာ စက်တင်ဘာ ၂၅ ရက် နေ့လည် ၁၂ နာရီခန့်က သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲဒါလည်း ဒီနေ့ ဖောင်းဆိုင်ဘက် အရပ်သား ပြည်သူကို ထိတာ။ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က။ ဖောင်းဆိုင်ဘက်က စစ်ကောင်စီတပ်တွေ သွားထောင်ထားတဲ့ မိုင်းကို အရပ်သားပြည်သူက သွားနင်းမိတာ။ မနေ့ကပဲ မိုင်းထောင်ထားတာ။ မနေ့ကပဲ မိုင်းထောင်ထားလို့ မနေ့ညပဲ ရွာကလူတွေကို လမ်းသေးတွေ၊ လမ်းမတွေဘက် မသွား မလာဖို့ စစ်ကောင်စီက လိုက်ပြောထားတာ။ သူက မှိုသွားရှာတာ မိုင်းနင်းမိတာ။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

မိုင်းနင်းမိ သေဆုံးသွားသူက အသက် ၄၀ ကျော်ခန့်ရှိ တရုတ်လူမျိုး အမျိုးသားတစ်ဦးဖြစ်ပြီး ဖောင်းဆိုင်ရွာခံဖြစ်ကာ တောထဲ မှိုထွက်ရှာတာကြောင့် မိုင်းနင်းမိသေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

မုံးကိုး ဖောင်းဆိုင်ဒေသတွေမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကျေးရွာအတွင်းကနေ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံးကိုးမြို့အနီး နော့်ဂူကျေးရွာဘက်မှာလည်း စက်တင်ဘာ ၂၃ ရက်နေ့ခန့်ကစ စစ်ကောင်စီဘက်က ရွာအတွင်းနေထိုင်ပြီး သေနတ်ရမ်းသမ်းပစ်ခတ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။

မုံးကိုး ဖောင်းဆိုင်ဒေသဘက် ဇူလိုင်လ ၃ ရက်နေ့ကစ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မန်းယန်နဲ့ ဘန်မွေးရွာတို့မှ ပြည်သူ ၁၇၀ ကျော် တရုတ်နယ်ခြားစည်းရိုးဘက်မှာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ၁၀၅ မိုင် အောက်နမ့်ဟွယ်ရွာက မိုင်တဲတာဝါတိုင် လာပြင်တဲ့ ဝန်ထမ်းတစ်ဦးဟာ တာဝါတိုင်အနီးမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိ ဒဏ်ရာရရှိခဲ့ပါတယ်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...