စစ်ကောင်စီမိုင်းကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး နင်းမိသေဆုံး

စစ်ကောင်စီမိုင်းကြောင့် မုံးကိုး ဖောင်းဆိုင်ဒေသခံတစ်ဦး နင်းမိသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီထောင်ထားတဲ့မိုင်း ဒေသခံတစ်ဦးနင်းမိကာ စက်တင်ဘာ ၂၅ ရက် နေ့လည် ၁၂ နာရီခန့်က သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲဒါလည်း ဒီနေ့ ဖောင်းဆိုင်ဘက် အရပ်သား ပြည်သူကို ထိတာ။ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က။ ဖောင်းဆိုင်ဘက်က စစ်ကောင်စီတပ်တွေ သွားထောင်ထားတဲ့ မိုင်းကို အရပ်သားပြည်သူက သွားနင်းမိတာ။ မနေ့ကပဲ မိုင်းထောင်ထားတာ။ မနေ့ကပဲ မိုင်းထောင်ထားလို့ မနေ့ညပဲ ရွာကလူတွေကို လမ်းသေးတွေ၊ လမ်းမတွေဘက် မသွား မလာဖို့ စစ်ကောင်စီက လိုက်ပြောထားတာ။ သူက မှိုသွားရှာတာ မိုင်းနင်းမိတာ။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

မိုင်းနင်းမိ သေဆုံးသွားသူက အသက် ၄၀ ကျော်ခန့်ရှိ တရုတ်လူမျိုး အမျိုးသားတစ်ဦးဖြစ်ပြီး ဖောင်းဆိုင်ရွာခံဖြစ်ကာ တောထဲ မှိုထွက်ရှာတာကြောင့် မိုင်းနင်းမိသေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

မုံးကိုး ဖောင်းဆိုင်ဒေသတွေမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကျေးရွာအတွင်းကနေ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံးကိုးမြို့အနီး နော့်ဂူကျေးရွာဘက်မှာလည်း စက်တင်ဘာ ၂၃ ရက်နေ့ခန့်ကစ စစ်ကောင်စီဘက်က ရွာအတွင်းနေထိုင်ပြီး သေနတ်ရမ်းသမ်းပစ်ခတ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။

မုံးကိုး ဖောင်းဆိုင်ဒေသဘက် ဇူလိုင်လ ၃ ရက်နေ့ကစ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မန်းယန်နဲ့ ဘန်မွေးရွာတို့မှ ပြည်သူ ၁၇၀ ကျော် တရုတ်နယ်ခြားစည်းရိုးဘက်မှာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ၁၀၅ မိုင် အောက်နမ့်ဟွယ်ရွာက မိုင်တဲတာဝါတိုင် လာပြင်တဲ့ ဝန်ထမ်းတစ်ဦးဟာ တာဝါတိုင်အနီးမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိ ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...