မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင် ကိုဗစ်လူနာတစ်ဦး စတင်သေဆုံး

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင် ကိုဗစ်လူနာတစ်ဦး စတင်သေဆုံး

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် ကိုဗစ်လူနာတစ်ဦးသည် ယနေ့နံနက်က အသက်ရှူကျပ်၍ ဆေးရုံလာပြရာမှ မွန်းတည့်ပိုင်းတွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသောသူမှာ ကမ်းထောင်းကြီးမြို့ ရွာသာယာရပ်ကွက်၊ ငနောင်းပြင်အပိုင်းမှ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူသည် ယနေ့နံနက် ၇ နာရီခန့်က အသက်ရှူကျပ်၍ ကမ်းထောင်းကြီးဆေးရုံသို့လာပြရာမှ ပိုးစစ်ကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် သူ့ကို အောက်ဆီဂျင်ပေးထားခဲ့သော်လည်း အမောဖောက်လာသည့်အတွက် ယနေ့ စက်တင်ဘာ ၂၄ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ကမ်းထောင်းကြီးမြို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမောင်ချယ်ရီက နိရဥ္စရာကိုပြောသည်။

“ဒီမနက်ကပဲ ဆေးရုံလာပြတာ အသက်ရှူကျပ်ပြီး။ နေ့လယ် ၁၂ ကျော်လောက်မှာ ဆုံးသွားတာပါ။ ကမ်းထောင်းကြီးမှာ ပထမဆုံးသေဆုံးတဲ့လူနာဖြစ်တယ်။” ဟု ပြောသည်။

မြေပုံမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၈၆ ဦးနှင့် သေဆုံးသူ ၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...