မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင် ကိုဗစ်လူနာတစ်ဦး စတင်သေဆုံး

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင် ကိုဗစ်လူနာတစ်ဦး စတင်သေဆုံး

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် ကိုဗစ်လူနာတစ်ဦးသည် ယနေ့နံနက်က အသက်ရှူကျပ်၍ ဆေးရုံလာပြရာမှ မွန်းတည့်ပိုင်းတွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသောသူမှာ ကမ်းထောင်းကြီးမြို့ ရွာသာယာရပ်ကွက်၊ ငနောင်းပြင်အပိုင်းမှ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူသည် ယနေ့နံနက် ၇ နာရီခန့်က အသက်ရှူကျပ်၍ ကမ်းထောင်းကြီးဆေးရုံသို့လာပြရာမှ ပိုးစစ်ကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် သူ့ကို အောက်ဆီဂျင်ပေးထားခဲ့သော်လည်း အမောဖောက်လာသည့်အတွက် ယနေ့ စက်တင်ဘာ ၂၄ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ကမ်းထောင်းကြီးမြို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမောင်ချယ်ရီက နိရဥ္စရာကိုပြောသည်။

“ဒီမနက်ကပဲ ဆေးရုံလာပြတာ အသက်ရှူကျပ်ပြီး။ နေ့လယ် ၁၂ ကျော်လောက်မှာ ဆုံးသွားတာပါ။ ကမ်းထောင်းကြီးမှာ ပထမဆုံးသေဆုံးတဲ့လူနာဖြစ်တယ်။” ဟု ပြောသည်။

မြေပုံမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၈၆ ဦးနှင့် သေဆုံးသူ ၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...