Mytel တာဝါတိုင် လာပြင်သော ဝန်ထမ်းတစ်ဦး မိုင်းထိ ဒဏ်ရာရ

Mytel တာဝါတိုင် လာပြင်သော ဝန်ထမ်းတစ်ဦး မိုင်းထိ ဒဏ်ရာရ

ရှမ်းမြောက် မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင် အုပ်စု၊ အောက်နမ့်ဟွယ်ရွာ ဘုန်းကြီးကျောင်းအနီးက Mytel တာဝါတိုင်နားမှာ စက်တင်ဘာ ၂၄ ယမန်နေ့ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး မိုင်းထိမိကာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားကြောင်း လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

"လာပြင်ရင်း ဖြစ်သွားတဲ့ပုံစံမျိုးပဲ။ သူတစ်ယောက်ထဲတော့ မဟုတ်ဘူး။ သူတို့ ဝန်ထမ်းတွေပါတယ်လေ။ လေး၊ ငါး၊ ခြောက်ယောက်လောက်ပါမယ်ထင်တယ်။ ထိတာက သူပဲ။ ညာဘက်ခြေထောက် ခြေဖျားကနေပြီးတော့ ခြေမျက်စိ မရောက်တရောက်လေးပေါ့။ ထိသွားတာ။ ခြေဖျားကနေပြီးတော့ ခြေမျက်စိ မရောက်ခင်လောက်ထိပေါ့နော်။ ညာဘက်ခြေထောက်။ ခြေဖျား ခြေဖမိုးပေါ့ ပြောမယ်ဆိုရင်။ အဲဒါပြတ်သွားတာ။" လို့  ကူညီ ပေး ခဲ့သူ တစ်ဦးက ပြောပါတယ်။

မိုင်းနင်းမိသူမှာ အသက် ၂၉ နှစ်အရွယ် ကိုအောင်သူဆိုသူဖြစ်ပြီး မန္တလေးမှလာသော ကုမ္ပဏီဝန်ထမ်းဖြစ်ကြောင်း သိရပါတယ်။

လူမှုကူညီရေးအသင်းဖြစ်သောကြောင့် အကူအညီတောင်းခံမှုကိုသာ ကူညီပေးရပြီး ဖြစ်စဉ်အသေးစိတ် မသိဘူးလို့ ဆိုပါတယ်။

မိုင်းနင်းမိသူမှာ ဒဏ်ရာပြင်းထန်တာကြောင့် ကွတ်ခိုင်ဆေးရုံကနေ လားရှိုးဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ကြောင်း "မနေ့ကတော့ ကျနော်တို့ ကွတ်ခိုင်ဆေးရုံ ပို့လိုက်တယ်။ ပြီးတော့ အဲကနေပြီးမှ လားရှိုးစစ်ဆေးရုံကို ကွတ်ခိုင်က အသင်းကပဲ ပြန်ပို့တယ်။ ကျွန်တော်တို့က ကွတ်ခိုင် ထိပဲ ပို့ခဲ့တယ်။" လို့ ပြောပါတယ်။

လက်ရှိ နမ့်ဟွယ်ကျေးရွာအနီးအနားမှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတဲ့အတွက် ဒေသခံများကတော့ အလုပ်မသွားရဲပဲရှိနေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ နေရာအနှံ့ မိုင်တဲယ်တာဝါတိုင်များ ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီဘက်ကလည်း ဖုန်းတာဝါတိုင်တစ်ဝိုက်မှာ ကင်းစောင့်ပြီး မိုင်းချထားတာမျိုးရှိကြောင်း သိရပါတယ်။

Photo Crd# ပါရမီလူမှုကူညီရေးအသင်း၊ ၁၀၅ မိုင်

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...