လာရှိုးမြို့အနီးတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တိုက်ပွဲဖြစ်ပွား

လာရှိုးမြို့အနီးတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်တွန်းရွာနှင့် ပုံမွန်ရွာကြားတွင် ယနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေစဉ် မူဆယ်ဘက်က ဆင်းလာသော ဆိုင်ကယ်၊ ကား၊ ယာဉ်ကြီး၊ ယာဉ်ငယ်အားလုံးကို နမ့်တွန်းရွာမဝင်ခင် အဝေးပြေးလမ်းမပေါ်တွင် ဖြတ်သန်းသွားလာခွင့်မပြုပဲ စောင့်ဆိုင်းစေခဲ့သလို့ မူဆယ်ဘက်အတက် လမ်းကြောကိုလည်း တိုက်ပွဲနဲ့ လွှတ်ရာနေရာတွင် ယာယီပိတ်ထားကြောင်း သိရသည်။

“ဘာမှမစားရသေးဘူး။ ဗိုက်ဆာနေပြီ။ ပစ်တာနည်းနည်းတော့ကြာပြီ။ လက်နက်ကြီးသံ တစ်ချက်တစ်ချက်ကြားရတယ် ခုဏကတော့” ဟု ခရီးသွားတစ်ဦး ပြောသည်။

တိုက်ပွဲ တစ်နာရီခန့်အကြာဖြစ်ပွားပြီးနောက် ပိတ်ဆို့နေသော ကားများပြန်လည်သွားခွင့်ရခဲ့ပြီး လားရှိုးဘက်အဆင်း နမ့်တွန်းရွာအကျော်တွင် စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့် သွားလာနေသည်ကို တွေ့ရသည်ဟု ဒေသခံများက ဆိုသည်။

ဒေသခံများနှင့် ခရီးသွားပြည်သူများပြောဆိုချက်အရ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသော်လည်း KNG အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထို့အပြင် စက်တင်ဘာလ ၂၀ ရက် နေ့လည် ၁၂ နာရီ ၅၅ မိနစ်ခန့်ကစ မုံးကိုးမြို့ဘက်ချီတက်လာသော တင်ကားသည် နမ့်ဆူဘက်မှ ဆင်းလာနိုင်ရန် စစ်ကောင်စီက လမ်းဘေးဝဲယာ တစ်လျှောက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ဆင်းလာကြောင်း ဒေသခံများ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့် မူဆယ်မြို့နယ်များတွင် TNLA, AA, MNDAA ပူးပေါင်းတပ်ဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA စသည့် တော်လှန်ရေးတပ်များနှင့် စစ်ကောက်စီတပ်များသည် တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...