မွန်မှာ တစ်ရက်တည်း Mytel တာဝါတိုင် ၂ တိုင် ဗုံးခွဲခံရ

မွန်မှာ တစ်ရက်တည်း Mytel တာဝါတိုင် ၂ တိုင် ဗုံးခွဲခံရ

မွန်ပြည်နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ တစ်ရက်တည်း Mytel တာဝါတိုင် ၂ တိုင် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။

ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာ၊ သင်တော်ကြီးရှိ Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီအချိန်မှာ အမည်မသိ လူတစုက ဗုံးထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

“ညကတော့ အသံ အကျယ်ကြီးကြားတယ်။ စုံစမ်းကြည့်တော့ ဗုံးပေါက်တာတဲ့။ မနက်ကျမှ မိုင်တဲတာဝါတိုင်မှာ ဗုံးကွဲတာလို့ သိရတယ် ”လို့ ဘီလင်း ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။

ဒါ့အပြင် ရေးမြို့နယ်၊ ကျောက်မိချောင်းတောင်ပိုင်းကျေးရွာအနီးက Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၇ ရက်နေ့ ည ၇ နာရီအချိန်က ဗုံးခွဲဖျက်ဆီးတာ ခံခဲ့ရပါတယ်။

အဲဒီ Mytel တာဝါတိုင်ကို ဗုံးခွဲဖျက်ဆီးတာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့YPDF က ထုတ်ပြန်ပါတယ်။

ဗုံးခွဲဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင် ၂ တိုင်စလုံး ပြိုကျပျက်စီးတာ မရှိပေမယ့် တာဝါတိုင်အောက်ခြေက ဆက်သွယ်ရေးစက်ပစ္စည်းတွေ အားလုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာက Mytel တာဝါတိုင်ကို အမည်မသိ လူတစုက ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...