မွန်မှာ တစ်ရက်တည်း Mytel တာဝါတိုင် ၂ တိုင် ဗုံးခွဲခံရ

မွန်မှာ တစ်ရက်တည်း Mytel တာဝါတိုင် ၂ တိုင် ဗုံးခွဲခံရ

မွန်ပြည်နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ တစ်ရက်တည်း Mytel တာဝါတိုင် ၂ တိုင် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။

ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာ၊ သင်တော်ကြီးရှိ Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီအချိန်မှာ အမည်မသိ လူတစုက ဗုံးထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

“ညကတော့ အသံ အကျယ်ကြီးကြားတယ်။ စုံစမ်းကြည့်တော့ ဗုံးပေါက်တာတဲ့။ မနက်ကျမှ မိုင်တဲတာဝါတိုင်မှာ ဗုံးကွဲတာလို့ သိရတယ် ”လို့ ဘီလင်း ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။

ဒါ့အပြင် ရေးမြို့နယ်၊ ကျောက်မိချောင်းတောင်ပိုင်းကျေးရွာအနီးက Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၇ ရက်နေ့ ည ၇ နာရီအချိန်က ဗုံးခွဲဖျက်ဆီးတာ ခံခဲ့ရပါတယ်။

အဲဒီ Mytel တာဝါတိုင်ကို ဗုံးခွဲဖျက်ဆီးတာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့YPDF က ထုတ်ပြန်ပါတယ်။

ဗုံးခွဲဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင် ၂ တိုင်စလုံး ပြိုကျပျက်စီးတာ မရှိပေမယ့် တာဝါတိုင်အောက်ခြေက ဆက်သွယ်ရေးစက်ပစ္စည်းတွေ အားလုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာက Mytel တာဝါတိုင်ကို အမည်မသိ လူတစုက ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...