အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မြစ်ကြီးနားမြို့တွင် ရောက်ရှိနေ

အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မြစ်ကြီးနားမြို့တွင် ရောက်ရှိနေ

အာဏာသိမ်းစစ်‌ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေပြီဟု တပ်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

"ဒီမနက် ၁၀ နာရီလောက်မှာ ယာဉ်တန်းနဲ့ မြောက်ပိုင်းတိုင်းမှာ ရောက်လာပြီလို့ သိရတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ စစ်ကောင်စီခေါင်းဆောင်သည် ကချင်ပြည်နယ်တွင် ၂ ရက်ခန့်နေမည်ဟု သိရသည်။

"ခု သတင်းတွေ ထွက်နေတာကတော့ ဒီ ၂ ရက်တာ ခရီးစဉ်အတွင်းမှာ နယ်ခြားစောင့်တပ် (BGF) က တာဝန်ရှိသူတွေနဲ့ပြီးတော့ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ တွေ့ဖို့ရှိတယ်ဆိုတာ ကြားတယ်" ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌ ရောက်ရှိနေစဉ် လက်ရှိ မြစ်ကြီးနားမြို့အတွင်း၊ အပြင် စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။

ယခုခရီးစဉ်သည် စစ်ကောင်စီဥက္ကဋ္ဌ၏ အာဏာသိမ်းဖြစ်စဉ်အပြီး ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...